ပြန်မလာနိုင်တော့တဲ့သခင်ကို လိုက်ရှာပေမယ့်လည်း မတွေ့တာကြောင့် ကုတင်ပေါ်မှာအိပ်ပြီးစောင့်နေရှာတဲ့ သူရဲကောင်းတစ်ယောက်ရဲ့ခွေးလေး

//s9.kh1.co/a4/a40d3450735b99543bdbd918904fd8318c678983.jpg
နေ့စဉ်သတင်းများ

 ၀၅-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

ပြန်မလာနိုင်တော့တဲ့သခင်ကို လိုက်ရှာပေမယ့်လည်း မတွေ့တာကြောင့် ကုတင်ပေါ်မှာအိပ်ပြီးစောင့်နေရှာတဲ့ သူရဲကောင်းတစ်ယောက်ရဲ့ခွေးလေး

လက်ရှိမှာဆိုရင် လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေရဲ့သတင်းတွေကလည်း ကြားရသူတွေအဖို့ တကယ့်ကို စိတ်မကောင်းဖြစ်မိစေလောက်ပါတယ်။ အခုလည်း ပြည်သူတစ်ယောက်က သေဆုံးသွားတဲ့ သူ့အစ်ကိုရဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့သူကတော့ အသက် (၃၀) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုဇော်ထွန်းအောင်ဆိုသူပဲ ဖြစ်ပါတယ်။

Photo Credit-Min Thaw Ka's FB Acc
Photo Credit-Min Thaw Ka's FB Acc

ညီဖြစ်သူရဲ့ရေးသားပြောပြချက်အရ ကိုဇော်ထွန်းအောင်က လူထုလှုပ်ရှားမှုတွေမှာ အသက်နဲ့ရင်းပြီး ပါဝင်ခဲ့ရာကနေ ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။ ကို‌ဇော်ထွန်းအောင်ရဲ့ရုပ်အလောင်းကိုတော့ ပြီးခဲ့တဲ့ ဧပြီလ (၄) ရက်နေ့က မြို့မသုသာန်မှာ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပြီ ဖြစ်ပါတယ် ။ ကိုဇော်ထွန်းအောင်အတွက် မိသားစုဝင်တွေက ကြေကွဲဝမ်းနည်းနေရသလို သူ့ရဲ့ခွေးလေးကလည်း သခင်ကို စိတ်ပူနေရှာတာ ဖြစ်ပါတယ် ။ ညီဖြစ်သူရဲ့စာထဲမှာလည်း ကိုဇော်ထွန်းအောင်ရဲ့ခွေးလေးအကြောင်းကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ် ။Photo Credit-Min Thaw Ka's FB Acc

Photo Credit-Min Thaw Ka's FB Acc
Photo Credit-Min Thaw Ka's FB Acc
Photo Credit-Min Thaw Ka's FB Acc
Photo Credit-Min Thaw Ka's FB Acc
Photo Credit-Min Thaw Ka's FB Acc
Photo Credit-Min Thaw Ka's FB Acc

ခွေးလေးက ပြန်မလာနိုင်တော့တဲ့ သူ့ရဲ့သခင်ကို စောင့်မျှော်နေတာဖြစ်ပြီး မတွေ့ရလို့ တစ်ဆိုင်လုံး ပတ်ရှာနေခဲ့တာ ဖြစ်ပါတယ် ။ နောက်ဆုံးမှာတော့ ခွေးလေးက သူ့ရဲ့သခင်ကိုဇော်ထွန်းအောင် အိပ်နေကျ ကုတင်ပေါ်မှာအိပ်ပြီး စောင့်နေတာဖြစ်ကြောင်းကို ညီဖြစ်သူက ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။ "အစ်ကိုရေ...မင်းအပြင်ခဏထွက်ရင်တောင် ဆိုင်ရှေ့ကနေ ထွက်ထွက်စောင့်နေတတ်တဲ့ မင်းခွေးလေးကို ငါဘယ်လိုပြောပြရမလဲကွာ...ညတိုင်း မင်းနဲ့လမ်းလျှောက်နေကျ မနေ့ညက မင်းပြန်မလာသေးလို့ ​မျှော်နေသေးတယ်...." ဆိုတဲ့ ညီဖြစ်သူရဲ့စကားတွေကလည်း တကယ့်ကို ကြေကွဲဝမ်းနည်းစရာကောင်းနေခဲ့တာ ဖြစ်ပါတယ် ။

Source & Photo Credit-Min Thaw Ka's FB Acc

Photo Credit-Min Thaw Ka's FB Acc
Photo Credit-Min Thaw Ka's FB Acc
Photo Credit-Min Thaw Ka's FB Acc
Photo Credit-Min Thaw Ka's FB Acc
Photo Credit-Min Thaw Ka's FB Acc
Photo Credit-Min Thaw Ka's FB Acc
Photo Credit-Min Thaw Ka's FB Acc
Photo Credit-Min Thaw Ka's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T