မိုးရွာနေပေမယ့်လည်း ပိတောက်နဲ့ ဘောလုံးသပိတ်မှာ ပြည်သူတွေနဲ့အတူ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့တဲ့ ဘုန်းဆက်သွင်

//s9.kh1.co/df/df58b7bb2ffb4ece65961f7374de744dc7a0c85f.jpg
အနုပညာရှင်များ

 ၀၅-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

MRTV-4ရဲ့ မင်းသားတစ်လက်ဖြစ်တဲ့ သရုပ်ဆောင် ဘုန်းဆက်သွင်ကတော့ ဖေဖော်ဝါရီလ အစကတည်း ပြောင်းလဲခဲ့တဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘုန်းဆက်သွင်က ပြည်သူတွေပြုလုပ်တဲ့ လူထုလှုပ်ရှားမှုတွေမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေတာဖြစ်ပါတယ်။

Photo credit - PhoneSett Thwin's Facebook Account

ဒီကနေ့မှာလည်း ဘုန်းဆက်သွင်က ပြည်သူတွေနဲ့အတူ ပိတောက်နဲ့ ဘောလုံးသပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဘုန်းဆက်သွင်က မိုးရွာနေပေမယ့်လည်း တစ်နေကုန် လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အခုလို ပြည်သူတွေဘက်က အားဖြည့်ပါဝင်နေတဲ့ သူရဲ့ ပုံရိပ်တွေကိုလည်း Facebook Account ထက်မှာ ဝေမျှခဲ့ပါသေးတယ်။

Photo credit - PhoneSett Thwin's Facebook Account
Photo credit - PhoneSett Thwin's Facebook Account
Photo credit - PhoneSett Thwin's Facebook Account
Photo credit - PhoneSett Thwin's Facebook Account

အဆိုပါ ပုံရိပ်တွေအပြင် ဘုန်းဆက်သွင်က " မိုးရွာနေလဲ ယနေ့ ပိတောက်နဲ့ ဘောလုံး သပိတ် ​တိုက်ပွဲရှိရင် အောင်ပွဲ ရှိမယ် အောင်စိတ်မြဲရင် အောင်ပွဲရမယ် အရေးတော်ပုံ အောင်ရမည် Today Eveving Padauk And Ballon Strike Yangon Day 64 " ဆိုတဲ့ စာသားကိုလည်း ရေးသားလာခဲ့တာဖြစ်ပါတယ်။ မိုးရွာနေပေမယ့်လည်း ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ တစ်သားတည်းရပ်တည်ခဲ့တဲ့ သရုပ်ဆောင် ဘုန်းဆက်သွင်ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ 

Photo credit - PhoneSett Thwin's Facebook Account
Photo credit - PhoneSett Thwin's Facebook Account
Photo credit - PhoneSett Thwin's Facebook Account
Photo credit - PhoneSett Thwin's Facebook Account
Photo credit - PhoneSett Thwin's Facebook Account
Photo credit - PhoneSett Thwin's Facebook Account

သတင်း အရင်းအမြစ်Source & Photo credit - PhoneSett Thwin's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T