ခါရာကတော့ မြန်မာနိုင်ငံရဲ့ ဒီအရေးတော်ပုံကြီးစတင်ထဲက ပြည်သူတွေနဲ့အတူ စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်ရပ်တည်ခဲ့သူတစ်ယောက်ပါ။ဒါ့အပြင်သူရဲ့ အကောင့်ကနေလည်း မြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကို ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့သလို အရေးကြီးလိုက်နာသင့်တဲ့ သတင်းအချက်အလက်တွေကိုလည်း ဝေမျှပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
ဒါ့အပြင် သူကိုယ်တိုင်လည်း လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေမှာနည်းမျိုးစုံနဲ့ပါဝင်ခဲ့တာကြောင့်လည်း ခါရာအနေနဲ့ ခုဆိုရင်ခြိမ်းခြောက်ခံရမှုတွေရှိနေခဲ့တာကြောင့် အဝေးမှာခေတ္တရှောင်နေရပြီလည်းဖြစ်ပါတယ်။ခါရာကတော့ အောင်မြင်ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး လူငယ်ပီပီ တိုင်းပြည်အရေးကို တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။
အခုလို လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ ခြိမ်းခြောက်ခံရမှုတွေရှိလာတာနဲ့ပတ်သက်ပြီးလည်း အရင်ထဲကမျှော်လင့်ထားတဲ့အရာတစ်ခုမို့မတုန်လှုပ်တော့ကြောင်းနဲ့ ကိုယ့်ရဲ့သမိုင်းကိုဘယ်အချိန်ပဲ ပြန်ပြောပြော လိပ်ပြာလုံကြောင်း ခုလိုရေးသားဖော်ပြလာတာဖြစ်ပါတယ်။" အစထဲက မျှော်လင့်ပြီးသားမို့ အခုအချိန်မှာ ဘာမှမတုန်လှုပ်တော့ပါ ....ကိုယ့်ရဲ့ သမိုင်းကိုဘယ်အချိန်ပဲ ပြန်ပြောပြော လိပ်ပြာလုံတဲ့အတွက် ကျေနပ်ပါတယ် ....အားလုံးလည်း ဂရုစိုက်ကြပါ ...မကြာခင်ကျွန်တော်တို့အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ဆုံတွေ့ကြမှာပါ ...."ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း ခါရာတစ်ယောက်ဘေးကင်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။