ဒီလိုကာလမှာ ဆေးခန်းပြဖို့ခက်ခဲနေကြတဲ့ သွေးတိုး၊ဆီးချိုလူနာတွေကို လမ်းပေါ်အရဲစွန့်ထွက်ပြီး ဆေးကုသပေးနေကြတဲ့ ဆရာဝန်တချို့

//s9.kh1.co/21/21352c618394133a3cc49637ee42b3c5fdfffc55.jpeg
နေ့စဉ်သတင်းများ

 ၀၆-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဒီလိုကာလမှာ ဆေးခန်းပြဖို့ခက်ခဲနေကြတဲ့ သွေးတိုး၊ဆီးချိုလူနာတွေကို လမ်းပေါ်အရဲစွန့်ထွက်ပြီး ဆေးကုသပေးနေကြတဲ့ ဆရာဝန်တချို့

ယခုလတ်တလောမှာဆိုရင် တချို့ဆေးရုံ၊ဆေးခန်းတွေလည်း ယာယီပိတ်ထားတာကြောင့် စေတနာရှင်ဆရာဝန်တချို့က လူနာတွေကို တတ်နိုင်သလောက်ကူညီကုသပေးနေကြတာဖြစ်ပါတယ်။အခုလိုကာလမှာ လမ်းပေါ်ထွက်ရင်တောင် အသက်အန္တရာယ်စိုးရိမ်နေရချိန်မှာ စေတနာရှင်ဆရာဝန်တစ်ချို့ကတော့ သွေးတိုး၊ဆီးချိုခံစားနေရတဲ့ဝေဒနာရှင်တွေကို ဆေးထွက်ကုပေးကြတာဖြစ်ပါတယ်။ပြည်သူတွေအပေါ်မှာ စေတနာအပြည့်ထားကြတဲ့ လူငယ်ဆရာဝန်လေးတွေကတော့ တက်ညီလက်ညီနဲ့ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုအချိန်မျိုးမှာ သွေးတိုး၊ဆီးချိုရောဂါခံစားနေရတဲ့လူနာတွေ ဆေးပြတ်နေတာကြောင့် ဆရာဝန်လေးတွေကဆေးတစ်လစာကိုပါ စေတနာအပြည့်နဲ့လှူပေးခဲ့ကြတာဖြစ်ပါတယ်။ဝမ်းရေးခက်ခဲနေကြတဲ့လူနာတွေဖြစ်လို့လည်းပေးလိုက်တဲ့ဆေးတွေကို ပြန်မရောင်းကြဖို့ မှာလိုက်သေးတာဖြစ်ပါတယ်။အခုလိုမျိုး အရမ်းမွန်မြတ်တဲ့အလှူဒါနလေးပြုလုပ်နေကြတဲ့ ဆရာဝန်တွေကို တချို့ပြည်သူတွေကလည်း ဆေးဖိုးလေးတွေ လှူဒါန်းပြီး တစ်တပ်တစ်အားပါဝင်ကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုချိန်မှာ ပြည်သူအချင်းချင်းကသာ ကူညီဖေးမပေးနေကြပြီး ကြုံတွေ့လာရတဲ့ ဒုက္ခအခက်အခဲတွေကို မျှဝေခံစားပေးနေတာ ဖြစ်ပါတယ်။ဆရာဝန်လေးတချို့က ဆေးခန်းပြဖို့ခက်ခဲနေကြတဲ့လူနာတွေအတွက် လုပ်အားဒါန၊ပညာဒါနပြုပေးကြလို့လည်း ပြည်သူတွေက လေးစားနေကြတာဖြစ်ပါတယ်။ကားလေးတစ်စီးပေါ်မှာ ဆေးပစ္စည်းလေးတွေတင်ပြီး လူနာတွေကိုမေတ္တာထားကာ လှည့်လည်ကုသပေးနေတဲ့ ပီတိဖြစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T