နေ့စဉ်ရက်ဆက် မိုးရွာနေတာကြောင့် အမိုးအကာမရှိဘဲ နေကြရတဲ့ စစ်ဘေးရှောင်တိုင်းရင်းသားတွေအတွက် စိုးရိမ်ပူပန်နေတဲ့ သန္တာလှိုင်

//s9.kh1.co/b2/b293dd044ba269ed9557089aea5f8a972784fba7.jpeg
အနုပညာရှင်များ

 ၀၆-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ်  သန္တာလှိုင်ကတော့  မြန်မာနိုင်ငံတွင်  လက်ရှိဖြစ်ပေါ်နေသော  လူထုလှုပ်ရှားမှုတွေမှာ  အားကြိုးမာန်တက်  ပါဝင်နေသူတစ်ဦးလည်း  ဖြစ်ပါတယ်။  တတ်နိုင်တဲ့ဘက်ကနေ  စားဝတ်နေရေးအဆင်မပြေတဲ့  ပြည်သူတွေကိုလည်း  လိုအပ်တာတွေ  ကူညီပေးနေသူ တစ်ယောက်ပါပဲနော်။  သူမကတော့  လတ်တလောအခြေအနေအရပ်ရပ်ကြောင့်  ခေတ္တခဏတိမ်းရှောင်နေရတာလည်း  ဖြစ်ပါတယ်။ 

Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 

လွန်ခဲ့တဲ့ နှစ်ရက်လောက်ကစပြီး  မြန်မာနိုင်ငံတွင်  အချိန်အခါမဟုတ်  မိုးတွေရွာသွန်းနေတာပဲ  ဖြစ်ပါတယ်။ ပြည်သူတွေဟာ  မိုးရွာသွန်းတာကို အရင်လို အေးချမ်းစွာ မနေနိုင်ကြဘဲ  အမိုးအကာမဲ့စွာ နေထိုင်နေကြရတဲ့ စစ်ဘေးရှောင်တိုင်းရင်းသားတွေအတွက်  စိုးရိမ်နေကြတာပါ။  မကြာသေးခင် ရက်ပိုင်းလောက်ကလည်း  သန္တာလှိုင်ရဲ့လူမှုကွန်ယက်စာမျက်နှာတွင်  မိုးတွေ အဆက်မပြတ်ရွာသွန်းနေတာကြောင့်  စစ်ဘေးရှောင် ပြည်သူတွေအတွက်  စိတ်ပူနေပြီး  အခြေအနေတွေ ပြန်လည် ကောင်းမွန်တဲ့အခါ နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့ကြရတဲ့ တိုင်းရင်းသားမောင်နှမတွေကို ပြန်လည်ကူညီဖို့ မမေ့သင့်ကြောင်း ရေးသားထားတာပါ။

Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 

သူမကလည်း " မနေ့ညက မိုးရွာတော့  ရာသီဥတုလေးအေးချမ်းလာပြီဆိုပြီး စိတ်ချမ်းသာမယ်ရှိသေး အရင်ကနဲ့မတူဘဲ ချက်ချင်း ဪ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတဲ့ အမိုးအကာမဲ့ ကလေးတွေ အမေတွေသက်ကြီးရွယ်အိုတွေ ဘယ်လိုများနေနေကြပါသလဲဆိုတဲ့ အတွေးလေး ဝင်လာပြီး ရင်ထဲပူသွားတယ်။ ဒါဟာတိုးတက်လာတဲ့ ကျွန်မတို့ရဲ့ ကိုယ်ချင်းစာနာစိတ်တွေပါလို့ တွေးပြီး ပူနေတဲ့ရင်ကို ငါတို့တွေ ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ အတွေးနဲ့ အစားထိုးလိုက်တယ်။ 

ကျွန်မတို့ ကလေးတွေအတွက် စနစ်တကျ စည်းလုံးစွာနဲ့ ပန်တိုင်ကိုရောက်ဖို့ ကြိုးစားရမှာက ကျွန်မတို့ မျိုးဆက်တွေရဲ့ သမိုင်းပေးတာဝန်ဖြစ်လာခဲ့ပြီ။ မြို့တွေမှာ အခြေအနေပြန်ကောင်းလာရင်လည်း နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့ရတဲ့ တောထဲတောင်ထဲက တိုင်းရင်သားတွေကို မမေ့ကြကြေးနော်...." ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Thandar Hlaing’s Facebook Page 

Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T