အသက်တွေရင်းပြီး အားတင်းကာ ကြိုးစားနေရတာကြောင့် သူတို့ကိုမောင်းမထုတ်ဘဲ လက်ခုပ်တီးကြိုဆိုပေးဖို့ မေတ္တာရပ်ခံလာတဲ့ လူငယ်တစ်စု

//s9.kh1.co/ae/aede2a693e1acd571ab7a9e2724910d34caed27d.jpg
နေ့စဉ်သတင်းများ

 ၀၆-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အသက်တွေရင်းပြီး အားတင်းကာ ကြိုးစားနေရတာကြောင့် သူတို့ကိုမောင်းမထုတ်ဘဲ လက်ခုပ်တီးကြိုဆိုပေးဖို့ မေတ္တာရပ်ခံလာတဲ့ လူငယ်တစ်စု

ပြီးခဲ့တဲ့ ဧပြီလ (၅) ရက်နေ့ကတော့ ရန်ကုန်မြို့က နေရာတော်တော်များများမှာ မိုးရွာသွန်းခဲ့တာပဲ ဖြစ်ပါတယ် ။ မိုးရွာတာကြောင့်လည်း မနေ့က ရန်ကုန်မြို့မှာ လူထုလှုပ်ရှားမှုပြုလုပ်သူတွေ အရင်ထက်စာရင် နည်းပါးခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း ဇွဲမလျှော့ဘဲ ကြိုးစားတတ်ကြတဲ့ လူငယ်တွေကတော့ မိုးထဲလေထဲမှာတောင် လမ်းပေါ်ကိုရအောင်ထွက်ပြီး သူတို့ရဲ့ဆန္ဒတွေကို ဖော်ထုတ်ပြသခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Capture by YP
Photo Credit-Capture by YP
Photo Credit-Capture by YP
Photo Credit-Capture by YP

အသစ်အဆန်းတွေကို အမြဲတမ်းတီထွင်ဖန်တီးနေကြတဲ့ လူငယ်တွေက ထူးထူးခြားခြားဖြစ်အောင် ပိတောက်ပန်းတွေ ကိုယ်စီကိုင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ မိုးရေထဲမှာ ပိတောက်ပန်းတွေကိုင်ပြီး တစ်လမ်းဝင်တစ်လမ်းထွက်ကာ ဆင်နွှဲခဲ့တဲ့ လူထုလှုပ်ရှားမှုကို လူငယ်တွေက "ပိတောက်သပိတ်" ဆိုပြီး နာမည်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ဒီလှုပ်ရှားမှုကိုတော့ ရန်ကုန်မြို့၊လှည်းတန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရှိတဲ့လူအင်အားလေးနဲ့ပဲ ကြိုးစားပမ်းစား ပြသခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Capture by YP
Photo Credit-Capture by YP
Photo Credit-Capture by YP
Photo Credit-Capture by YP
Photo Credit-Capture by YP
Photo Credit-Capture by YP

ဒီလှုပ်ရှားမှုကို မှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ လူငယ်ဓာတ်ပုံဆရာ တစ်ယောက်ကလည်း သူတို့လာတဲ့အခါမှာ မောင်းမထုတ်ကြဖို့ ရပ်ကွက်ထဲက လူကြီးတွေကို မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ် ။ လူငယ်တွေခမျာ အသက်တွေရင်းပြီး မနည်းအားတင်းကာ ဆန္ဒထုတ်ဖော်နေရတာကြောင့် လက်ခုပ်တီးကြိုဆိုပေးကြဖို့ တောင်းဆိုထားတာလည်း ဖြစ်ပါတယ် ။ မိုးရေထဲမှာတောင် တစ်လမ်းဝင်တစ်လမ်းထွက်ကာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ လူငယ်တွေရဲ့လုပ်ရပ်ကတော့ လေးစားချီးကျူးချင်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။

Source:YePhone Khaung Zaw's FB Acc

Photo Credit-Capture by YP

Photo Credit-Capture by YP
Photo Credit-Capture by YP
Photo Credit-Capture by YP
Photo Credit-Capture by YP
Photo Credit-Capture by YP
Photo Credit-Capture by YP
Photo Credit-Capture by YP
Photo Credit-Capture by YP
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T