ကိုယ်တိုင်ကအရေးယူခြင်းခံထားရပေမယ့် အကြောက်တရားက ပြည်သူလူထုကိုလွှမ်းမိုးသွားမှာကိုပဲ စိတ်ပူတယ်လို့ပြောပြလာတဲ့ နွယ်ဒါလီထွန်း

//s9.kh1.co/12/12fbc7ffe22a9f0b825d98954e0d58a8d6469f3d.jpg
အနုပညာရှင်များ

 ၀၆-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့အောင်မြင်စွာရပ်တည်နေတဲ့ သရုပ်ဆောင်မင်းသမီးချောနွယ်ဒါလီထွန်းကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ တက်ကြွစွာနဲ့ အင်တိုက်အားတိုက်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ (၁)ရက်နေ့ကတည်းက စတင်ခဲ့တဲ့ လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူရပ်တည်ပြီး လမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင် လှူဒါန်းမှုတွေပြုလုပ်ပြီးတော့လည်း တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc

တော်လှန်ရေးတိုက်ပွဲကြီးမှာ ရဲရဲရင့်ရင့်နဲ့ပါဝင်ခဲ့တဲ့ နွယ်ဒါလီထွန်းကတော့ ၅၀၅-က ဖြင့် အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေတစ်ဦးဖြစ်ပြီး လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကိုလည်း စိတ်ပူတဲ့အကြောင်းပြောပြလာပါတယ်..။

သူမကိုယ်တိုင်က အရေးယူခြင်းခံထားရပေမယ့်လည်း အကြောက်တရားက ပြည်သူလူထုကိုလွှမ်းမိုးသွားမှာကိုပဲ စိတ်ပူပြီး လွယ်လွယ်နဲ့မမေ့ဘဲတတ်နိုင်တဲ့ဘက်ကနေ အားတင်းထားကြဖို့ကိုလည်း သူမက ပြောပြထားပါသေးတယ်..။

Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc

"အကြောက်တရားကပြည်သူလူထုကိုလွှမ်းမိုးသွားမှာပဲ စိတ်ပူတယ် ဒီမတရားမှုတွေကိုကျင့်သားမရကြပါနဲ့

လွယ်လွယ်နဲ့မေ့မပြစ်ကြပါနဲ့ရှင် တတ်နိုင်တဲ့ဘက်ကဆက်ပီးတွန်းလှန်ကြပါ အတူပါဝင်ပေးကြပါ

အရေးတော်ပုံအောင်ရမည် ?.." ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်..။

နွယ်ဒါလီထွန်းကလည်း အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တာမို့ ပရိသတ်တွေကလည်း စိုးရိမ်စိတ်တွေနဲ့ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc

သတင်း အရင်းအမြစ်Nwe Darli Tun's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T