ပြန်မြင်ရဖို့အခွင့်အရေးနည်းတဲ့ ကျန်မျက်လုံးတစ်ဖက်ကို အမေ့အတွက် အမြန်ဆုံးပြန်မြင်ချင်တယ်လို့ ရင်ဖွင့်လာတဲ့ ကိုမင်းသူရ

//s9.kh1.co/27/27b2545265aa11114308ead21c9976697678328b.jpeg
နေ့စဉ်သတင်းများ

 ၀၇-ပြီ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ပြန်မြင်ရဖို့အခွင့်အရေးနည်းတဲ့ ကျန်မျက်လုံးတစ်ဖက်ကို အမေ့အတွက် အမြန်ဆုံးပြန်မြင်ချင်တယ်လို့ ရင်ဖွင့်လာတဲ့ ကိုမင်းသူရ

လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ရင်း အသက်ပေးသွားရတဲ့သူရဲကောင်းတွေလည်းအများအပြားရှိသလို ကိုယ်၊လက်အင်္ဂါချို့ယွင်းသွားတဲ့သူတွေလည်းရှိပါတယ်။မတ်လ(၃)ရက်နေ့ကဆိုရင်လည်းသူရဲကောင်း ကိုမင်းသူရက သူငယ်ချင်းတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ဘယ်ဘက်မျက်လုံးတစ်ဖက်ကိုကျည်ထိမှန်သွားခဲ့တာဖြစ်ပါတယ်။ကိုမင်းသူရက အသက်(၂၃)နှစ်အရွယ်ရှိပြီး ဖခင်နဲ့နှလုံးရောဂါသည်မိခင်ကြီးကို လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာတစ်ယောက်ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုမင်းသူရက သူငယ်ချင်းကိုဖိုးချစ်ကျည်ထိသွားလို့ ပြေးတက်သွားတဲ့အချိန်မှာ မျက်လုံးတစ်ဖက်ကျည်ထိသွားခဲ့ပြီး သူငယ်ချင်းနောက်တစ်ယောက်နဲ့အတူ နောက်ကိုပြန်လှည့်ပြေးခဲ့တာဖြစ်ပါတယ်။သူငယ်ချင်းဇွဲထက်စိုးကလည်း ထပ်မံကျည်ထိသွားခဲ့တာကြောင့် ကိုမင်းသူရကတော့ ဘာမှမမြင်ရလို့ သူငယ်ချင်းကို ပြန်လှည့်မဆွဲနိုင်ခဲ့ဘဲအဲ့ဒီနေ့မှာတင် သူငယ်ချင်းနှစ်ယောက်လုံးကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ကျည်ထိမှန်သွားတဲ့ ကိုမင်းသူရရဲ့ဘယ်ဘက်မျက်လုံးက ကျွတ်ထွက်သွားခဲ့ပြီး ကျန်ညာဘက်မျက်လုံးကိုလည်း လက်ရှိမှာဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုမင်းသူရက”ကျွန်တော့် ကျန်မျက်လုံးတစ်ဖက် အများကြီး မမြင်ရရင် နေပါစေ။ ဘယ်သူ၊ ဘယ်ဝါ သဲသဲကွဲကွဲလေးလောက်ပဲ ပြန်မြင်ရရင် ကျေနပ်ပါတယ်။ ကျွန်တော်အမေ့အတွက် အမြန်ဆုံး ပြန်မြင်နေချင်ပြီ"ဆိုပြီး ရင်ဖွင့်တယ်လို့ သိရပါတယ်။လတ်တလောမှာဆိုရင်တော့စေတနာရှင်ပြည်သူတချို့ကလည်း ကိုမင်းသူရရဲ့မျက်လုံးကုသဖို့အတွက် အလှူငွေတွေကို ပေးအပ်လှူဒါန်းနေကြတာပဲဖြစ်ပါတယ်။ကိုမင်းသူရတို့မိသားစုဆီ ကိုယ်တိုင်သွားလှူချင်တယ်ဆိုရင်တော့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊၄၈ ရပ်ကွက် ရှင်တစ်ရာလမ်းတွင် နေထိုင်တာဖြစ်လို့ တစ်နိုင်တစ်ပိုင်လေး သွားရောက်လှူဒါန်းလို့ရကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T