စိတ်ပင်ပန်းမှုနဲ့အခက်အခဲတွေရှိပေမယ့် ကောင်းမှုကုသိုလ်တွေလုပ်ပြီး ပြည်သူတွေအတွက်ဆုတောင်းမေတ္တာပို့သပေးနေတဲ့ ဘေဘီမောင်

//s9.kh1.co/d1/d16e7ea24196b09a018e8410261ee08aca4acf4e.jpeg
အနုပညာရှင်များ

 ၀၇-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့သရုပ်ဆောင်မင်းသမီးချောလေး ဘေဘီမောင်ကတော့ လက်တလောမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း ပြည်သူတွေနဲ့အတူ တစ်သွေးတစ်သားတည်းရပ်တည်ခဲ့တာဖြစ်ပြီး ကိုယ်တိုင်လည်း လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေမှာပါဝင်ခဲ့သူတစ်ယောက်ပါ ။

Photo Credit : Baby Maung Facebook Account
Photo Credit : Baby Maung Facebook Account
Photo Credit : Baby Maung Facebook Account
Photo Credit : Baby Maung Facebook Account

ဒါ့အပြင် လမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေကိုလည်း အစားအသောက်များ လိုက်ဝေငှကာ တက်နိုင်သလောက် ထောက်ပံ့လှူဒါန်းမှုတွေကို ရရာနေရာကနေ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်။အခုလို တတ်နိုင်သလောက်လိုအပ်တာတွေ ကူညီပေးနေတဲ့အပြင် ဘုရားရှိခိုးကာ ဆုတောင်းပေးခြင်းတွေလည်း ပြုလုပ်ပေးခဲ့တာကို တွေ့ရပါတယ်။

Photo Credit : Baby Maung Facebook Account
Photo Credit : Baby Maung Facebook Account
Photo Credit : Baby Maung Facebook Account
Photo Credit : Baby Maung Facebook Account

အခုလည်းစိတ်ပင်ပန်းမှုတွေ အခက်အခဲတွေရှိနေပေမယ့် အေးချမ်းတဲ့နေရောလေးမှာ ကောင်းမှုကုလိုလ်များကို ပြုလုပ်လျက်ရှိကြောင်း သူရဲ့အကောင့်လေးမှာ ဝေမျှထားတာဖြစ်ပါတယ်။အလှူပုံလေးတွေနဲ့အတူ " မင်္ဂလာနံနက်ခင်းပါ ကုသိုလ်ကောင်းမှု့ဖြင့်အစပြုသောနေ့လေးဖြစ်ပါစေ နေ့ရက်တိုင်းမှာ ဓမ္မအသိဖြင့် ဘဝများငြိမ်းအေးကြပါစေ" ဆိုတဲ့စာလေးကိုရေးသားဝေမျှထားရာ ပရိသတ်ကြီးလည်း ဘေဘီရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit : Baby Maung Facebook Account
Photo Credit : Baby Maung Facebook Account
Source & Photo Credit : Baby Maung Facebook Account
Source & Photo Credit : Baby Maung Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T