ဇွတ်မတက်နဲ့ ကျည်မှန်မယ်ဆိုပြီး သူတစ်ပါးကို အမြဲလှမ်းဆွဲတတ်ပေမယ့်လည်း ကိုယ်တိုင်ကျည်ထိကာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတစ်ဦး

//s9.kh1.co/d2/d2cd2999529985a79fe1fd475737c3d23aff0b19.jpg
နေ့စဉ်သတင်းများ

 ၀၇-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဇွတ်မတက်နဲ့ ကျည်မှန်မယ်ဆိုပြီး သူတစ်ပါးကို အမြဲလှမ်းဆွဲတတ်ပေမယ့်လည်း ကိုယ်တိုင်ကျည်ထိကာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတစ်ဦး

ဖေဖော်ဝါရီလကစပြီး ယခုဧပြီလ (၇) ရက်နေ့အထိ မှတ်တမ်းများအရ ကျဆုံးခဲ့တဲ့ပြည်သူပေါင်း အယောက် (၅၀၀)ကျော်တောင် ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ် ။ အသက်တွေကိုတောင်စွန့်လွှတ်ပြီး အားလုံးရဲ့အနာဂတ်အတွက် ပါဝင်ပေးခဲ့ကြတဲ့ သူရဲကောင်းတွေကို ပြည်သူတွေကလည်း အမြဲတမ်း အမှတ်ရနေကြတာ ဖြစ်ပါတယ် ။ အခုလည်း သူတစ်ပါးအတွက် တွေးပေးခဲ့တဲ့ သူရဲကောင်းတစ်ယောက်ရဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

 Photo Credit-Original Uploader
 Photo Credit-Original Uploader

သူ့ရဲ့နာမည်ကတော့ ကိုဝေလွင်ဦးဖြစ်ပြီး အသက် (၂၁)နှစ်သာရှိသေးတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ် ။ ကိုဝေလွင်ဦးက မတ်လ (၂၉)ရက်နေ့မှာ ကျည်ထိမှန်ခဲ့တဲ့ ဒဏ်ရာကြောင့် မတ်လ (၃၀)ရက်နေ့၊ မနက်ပိုင်းမှာ ကျဆုံးသွားခဲ့ရသူ ဖြစ်ပါတယ် ။ မြင်းခြံမြို့မှာ လူထုလှုပ်ရှားမှုပြုလုပ်တဲ့ ကိုဝေလွင်ဦးက "ဟေ့လူ ဇွတ်မတက်နဲ့ ကျည်မှန်မယ်" ဆိုပြီး သူတစ်ပါးအတွက် စိုးရိမ်တဲ့စိတ်နဲ့ ပုခုံးကို လှမ်းလှမ်းဆွဲတတ်တဲ့သူလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သွေးမတော်သားမစပ် မခင်မင်မရင်းနှီးတဲ့ သူစိမ်းတစ်ယောက်ကိုတောင် ကျည်မှန်မှာစိုးလို့ လှမ်းဆွဲတတ်တဲ့ ကိုဝေလွင်ဦးခမျာ အခုတော့ သူကိုယ်တိုင်ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ရပြီပဲ ဖြစ်ပါတယ် ။ ကိုဝေလွင်ဦးရဲ့အကြောင်းကို ကြားသိလိုက်ရတဲ့ ပြည်သူတွေကလည်း သူ့အတွက် အရမ်းကိုစိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။ တစ်ပါးသူရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်ပေးခဲ့တဲ့ ကိုဝေလွင်ဦးတစ်ယောက် ကောင်းရာမွန်ရာ ဘုံဘဝကိုရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

 Photo Credit-Original Uploader
 Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T