အရမ်းချမ်းသာတဲ့သူတွေနဲ့ သာမန်လက်လုပ်လက်စား လူတန်းစားတွေရဲ့ဘဝကိုနှိုင်းယှဉ်ပြီး ခံစားရတာတွေကိုဖွင့်ဟလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/79/7948e90eaf6d4bb20f6992238632de69479d3039.jpg
နေ့စဉ်သတင်းများ

 ၀၇-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အရမ်းချမ်းသာတဲ့သူတွေနဲ့ သာမန်လက်လုပ်လက်စား လူတန်းစားတွေရဲ့ဘဝကိုနှိုင်းယှဉ်ပြီး ခံစားရတာတွေကိုဖွင့်ဟလာတဲ့ ပြည်သူတစ်ဦး

လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုပွဲတွေမှာတော့ အသက်အရွယ်မရွေး၊ ကျားမမရွေး၊ လူတန်းစားမရွေး တစ်တပ်တစ်အားပါဝင်နေကြတယ်ဆိုတာကို အားလုံးလည်းသိပြီးသားဖြစ်မယ် ထင်ပါတယ်။ ဒါပေမဲ့လည်း ချို့တဲ့တဲ့ ပြည်သူတစ်ချို့ကတော့ အခုအချိန်မှာဆိုရင် စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီပဲ ဖြစ်ပါတယ် ။ အခုလည်း ဒီအခြေအနေတွေကို သိမြင်ကြုံတွေ့နေရတဲ့ ပြည်သူတွေထဲက အမျိုးသမီးတစ်ယောက်က ခံစားချက်တစ်ချို့ကို ဖွင့်ဟပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အမျိုးသမီးတစ်ဦးက ATM စက်မှာ ပိုက်ဆံသွားထုတ်ရာကနေ လူငယ်တစ်ချို့ကိုမြင်တွေ့ခဲ့ရပြီးနောက် ဖြစ်ပေါ်လာတဲ့ သူမရဲ့ခံစားချက်တွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားတာ ဖြစ်ပါတယ် ။ စာထဲမှာတော့ အဲ့ဒီအမျိုးသမီးက ဂါဝန်တိုတိုလှလှလေးတွေ၊ ဒေါက်အမြင့်တွေ၊ အားကစားအင်္ကျီတွေနဲ့ နုဖတ်လှပနေတဲ့ ကောင်မလေးတွေကိုကြည့်ပြီး သူမရဲ့ဘဝနဲ့ ပြန်နှိုင်းယှဥ်မိကြောင်း ပြောထားတာ ဖြစ်ပါတယ် ။ သူတို့တွေ အင်္ကျီလှလှလေးဝတ်ပြီး ကောင်းကောင်းစားကာ နေနေရတဲ့အချိန်မှာ သူမကတော့ ဆန္ဒထုတ်ဖော်ရင်းနဲ့ ပြေးလွှားနေရပြီး အလှူရှင်တွေပေးတဲ့ ထမင်းဘူးကိုသာ စားနေရကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါ့ပေမဲ့လည်း ချမ်းသာတဲ့လူတွေက လှူဒါန်းပေးလို့သာ လူထုလှုပ်ရှားမှုမှာ ဆက်လက်ပါဝင်နိုင်တာဖြစ်ကြောင်းကို "ငွေအားစိုက်ထုတ်နိုင်တဲ့ သူတို့လေးတွေက ငွေအားစိုက်ထုတ်ပေးနေသလို ငွေအားမရှိတဲ့ ကိုယ်တွေကတော့ ရှေ့တန်းကနေဆက်တိုက်ရမယ် ရှေ့ထွက်ပေးနေရမယ် ထွက်တဲ့လူတွေ အများစုက ကိုယ်တွေလို လူတန်းစားတွေပါ ကိုယ်လုပ်ပေးနိုင်တဲ့ နေရာကနေ အကုန်ဝိုင်းဝန်းလုပ်ပေးရမယ် အကုန်စည်းလုံးနေရမယ်" ဆိုပြီး ပြောထားတာလည်း ဖြစ်ပါတယ် ။ ချမ်းသာတဲ့လူတွေရဲ့ဘဝနဲ့ သာမန်လက်လုပ်လက်စား လူတန်းစားတွေရဲ့ဘဝကို နှိုင်းယှဥ်ရေးသားထားတဲ့ အမျိုးသမီးတစ်ဦးရဲ့စာတွေကတော့ ဖတ်ရှုမိသူတိုင်းကို စာနာနားလည်စိတ်တွေဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T