ဖျားနေပေမယ့်လည်း ဝမ်းရေးအတွက် အပြင်ထွက်ပြီး ဖိနပ်လေးတွေရောင်းနေရတဲ့ အဘိုးအိုကို တတ်နိုင်သလောက်ကူညီခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/da/dac3cc38bd39588ecb685fe79eee4996f01b5d14.jpg
နေ့စဉ်သတင်းများ

 ၀၈-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဖျားနေပေမယ့်လည်း ဝမ်းရေးအတွက် အပြင်ထွက်ပြီး ဖိနပ်လေးတွေရောင်းနေရတဲ့ အဘိုးအိုကို တတ်နိုင်သလောက်ကူညီခဲ့တဲ့ ပြည်သူတစ်ဦး

ဒီကာလမှာတော့ အလုပ်တွေတော်တော်များများ ရပ်နားထားရတာကြောင့် သာမန်ပြည်သူတွေခမျာ စားဝတ်နေရေးနဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ် ။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို စေတနာရှင်တစ်ချို့ကလည်း လိုအပ်တာတွေ လှူဒါန်းကူညီပေးနေတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း အရောင်းအဝယ်အလုပ်ကို လုပ်ကိုင်တဲ့ ပြည်သူအများစုကတော့ ဝမ်းရေးဖြေရှင်းဖို့အတွက် လမ်းပေါ်ကိုထွက်ပြီး စျေးရောင်းနေရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း အဘိုးအိုတစ်ယောက်က နေမကောင်းဖြစ်ပြီး ဖျားနာနေပေမယ့်လည်း စားဝတ်နေရေး အခက်အခဲကြောင့် စျေးရောင်းဖို့ အပြင်ထွက်လာခဲ့တာ ဖြစ်ပါတယ် ။ ဖိနပ်ရောင်းတဲ့အလုပ်နဲ့ အသက်မွေးနေရတဲ့ အဘိုးအိုက လမ်းဘေးတစ်နေရာမှာထိုင်ပြီး သူ့ရဲ့ဖိနပ်လေးတွေကို ရောင်းချနေတာ ဖြစ်ပါတယ် ။ အဘိုးအိုနဲ့တွေ့ဆုံခဲ့တဲ့ စေတနာရှင်အမျိုးသမီးတစ်ယောက်ကတော့ ကူညီတဲ့အနေနဲ့ ဖိနပ်သုံးရံဝယ်ယူအားပေးပြီး တတ်နိုင်သလောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အဘိုးအိုက မုံရွာမြို့၊ ဒေါနခြံ၊ ရေစင်ကြီးနားမှာ ဖိနပ်ရောင်းချနေဖြစ်ကြောင်းကို အဲ့ဒီအမျိုးသမီးက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ် ။ အဘိုးအိုက ဖိနပ်လေးတွေ အမယ်စုံအောင်ပြုလုပ်ပြီး တစ်ခါတလေမှသာ ထွက်ရောင်းတဲ့သူဖြစ်တာကြောင့် ဝယ်ယူအားပေးကြဖို့ကိုလည်း သူမက တိုက်တွန်းထားပါသေးတယ်။ ဖျားနေပေမယ့်လည်း ဝမ်းရေးကြောင့် အပြင်ထွက်ပြီး ဖိနပ်ရောင်းနေရတဲ့ အဘိုးအိုကိုမြင်တွေ့ခဲ့ရင် တတ်နိုင်သလောက် အားပေးကူညီကြပါလို့ မေတ္တာရပ်ခံလိုက်ပါရစေ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T