တောထဲမှာအဆင်ပြေသလိုနေထိုင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်မယ့်ပစ္စည်းတွေကို လှူဒါန်းပေးကြတဲ့ ပြည်သူတချို့

//s9.kh1.co/a9/a9c144a5a7e9191c54886aa44d96dddd6b77097c.jpeg
နေ့စဉ်သတင်းများ

 ၀၉-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

တောထဲမှာအဆင်ပြေသလိုနေထိုင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်မယ့်ပစ္စည်းတွေကို လှူဒါန်းပေးကြတဲ့ ပြည်သူတချို့

မြန်မာပြည်သူ၊ပြည်သားတွေကတော့ မိမိတို့ရဲ့မျက်စိရှေ့မှာ ဒုက္ခရောက်နေတဲ့သူကိုတွေ့တိုင်း စေတနာ၊မေတ္တာတရားထားပြီး ကူညီပေးခဲ့ကြတာ ဖြစ်ပါတယ်။လက်ရှိအခြေအနေအရဆိုရင်လည်း ပြည်သူတိုင်းနီးပါးက အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး အခက်အခဲတွေကို အကောင်းဆုံးကျော်ဖြတ်နေရတာ ဖြစ်ပါတယ်။ပြည်သူလူထုကတော့ ကိုယ်တိုင်ဒုက္ခအခက်အခဲတွေ ကြုံတွေ့နေရချိန်မှာတောင် ပိုပြီးခက်ခဲနေကြတဲ့လူတစ်ချို့ကို တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလတ်တလောမှာဆိုရင်တော့ ပြည်သူလူထုက ကရင်စစ်ဘေးရှောင်ပြည်သူတွေကို လိုအပ်တဲ့ပစ္စည်းတွေနဲ့အစားအသောက်တွေကို လှူဒါန်းပေးနေတာဖြစ်ပါတယ်။သွားလာရခက်ခဲတဲ့နေရာဒေသတွေအထိ အရောက်သွားပြီး ဒုက္ခအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စေတနာရှင်တစ်စုက ကူညီပေးနေကြတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း အရမ်းစည်းလုံးကြတာကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တစ်ခုခုလိုအပ်နေတယ်လို့ တွေ့လိုက်တာနဲ့ လှူဖို့အဆင်သင့်ဖြစ်နေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း အလှူရှင်တွေက စစ်ဘေးရှောင်ပြည်သူတွေလိုအပ်မယ့် အိုး၊ခွက်၊ပန်းကန်တွေအပြင် ယာယီတဲလေးတွေထိုးဖို့အတွက် မိုးကာတွေကိုပါ လှူဒါန်းပေးတာဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေကလည်း သူတို့ရဲ့အခြေအနေကို စာနာထောက်ထားပြီး ကူညီပေးကြတဲ့ပြည်သူတစ်စုကို ကျေးဇူးတင်နေကြတာဖြစ်ပါတယ်။အခုလိုခက်ခဲနေတဲ့ကာလမှာ ပြည်သူတွေက အားနည်းသူကိုဖေးမပြီး အချင်းချင်းရိုင်းပင်းကူညီနေကြတာဖြစ်ပါတယ်။ပြည်သူတွေလှူဒါန်းပေးတဲ့ ပစ္စည်းတွေကို ကောင်းမွန်စွာအသုံးပြုပြီး လက်ရှိအခြေအနေကို ကျော်လွှားနေကြတဲ့စစ်ဘေးရှောင်ပြည်သူတွေရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T