ဒီကာလမှာ လူတိုင်းနီးပါး စီးပွါးရေးခက်ခဲနေကြတာကြောင့် စုဆောင်ထားတာလေးတွေကိုသာ ခြွေတာသုံးစွဲပြီးလိုအပ်တဲ့နေရာတွေကိုလည်း လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ်။စေတနာ၊သဒ္ဒါတရားထက်သန်ကြတဲ့ ပြည်သူတွေကတော့ ဒုက္ခရောက်နေတဲ့သူတွေကိုတွေ့တိုင်း စာနာမှုအပြည့်နဲ့ ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ စစ်ဘေးဒုက္ခကိုခံစားနေရတဲ့ ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ နေထိုင်ကြတဲ့တိုင်းရင်းသားပြည်သူတချို့အတွက် ပြည်သူတွေကပဲ ကူညီထောက်ပံ့ပေးမှုတွေ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
အခုဆိုရင်လည်း စေတနာရှင်လူငယ်လေးတစ်စုကတော့ ရခိုင်ပြည်နယ်ကတချို့နေရာတွေမှာ စစ်ဘေးဒုက္ခကိုခံစားနေရတဲ့ပြည်သူတစ်စုအတွက် ဖိနပ်လေးတွေသွားရောက်လှူဒါန်းပေးကြတာ ဖြစ်ပါတယ်။လူကြီးတွေအတွက်ဖိနပ်တွေဆိုဒ်စုံအပြင် ကလေးငယ်လေးတွေအတွက်ပါ ဖိနပ်လေးတွေလှူပေးကြတာဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေကလည်း လာရောက်လှူဒါန်းပေးကြတဲ့ ဖိနပ်လေးတွေကို သေသေချာချာတန်းစီးပြီး ယူနေကြတာဖြစ်ပါတယ်။အခုချိန်မှာ ပြည်သူတိုင်းက ကြုံတွေ့နေရတဲ့ ဒုက္ခအခက်အခဲတွေကို မျှဝေခံစားပေးနေကြတာကြောင့်ကြည်နူးပီတိဖြစ်စရာကောင်းလှပါတယ်။
ဒါ့ကြောင့်လည်း (၂)လကျော်ကြာသွားပြီဖြစ်တဲ့ ဒီအခြေအနေကို ပြည်သူတွေကလည်း စည်းစည်းလုံးလုံးနဲ့ဆက်လက်တောင့်ခံနေကြဆဲဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေရဲ့နေရာတွေက သွားလာရခက်ခဲကြပေမယ့်လည်း စေတနာရှင်ပြည်သူတစ်စုကတော့ ရောက်အောင်သွားပြီး လှူဒါန်းပေးကြတာဖြစ်ပါတယ်။လိုအပ်နေတဲ့သူတွေကို ကူညီပေးခွင့်ရတဲ့ အလှူရှင်တွေရဲ့စေတနာကိုလည်း အသိအမှတ်ပြုရင်း ပီတီဖြစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder