သီလရှင်ကျောင်းနဲ့ အိမ်ခြေ ၁၀၀၀ စာ စားသောက်ကုန်တွေလှူဒါန်းဖို့အတွက် အဖွဲ့သားတွေနဲ့ပြင်ဆင်ထုတ်ပိုးနေတဲ့ ဝေဠုကျော်

//s9.kh1.co/1a/1a656eae65e088e0f1fc8452255eb7e9a8f7cd3b.jpg
အနုပညာရှင်များ

 ၀၉-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ပရဟိတအလုပ်တွေကို အမြဲမပျက်လုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို အများဆုံးရရှိထားတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ လက်ရှိအခြေအနေတွေမှာလည်း အားလုံးနဲ့အတူ ရပ်တည်နေတာ တွေ့ရပါတယ်..။

ဖေဖော်ဝါရီလတစ်ရက်နေ့ကတည်းက ပြည်သူတွေအားလုံးစည်းစည်းလုံးလုံးပြုလုပ်ခဲ့ကြတဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ အလှူအတန်းတွေ ဆက်တိုက်ပြုလုပ်ပြီး တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page

အကယ်ဒမီမင်းသားကြီးဝေဠုကျော်ကတော့ လတ်တလောအခြေအနေတွေကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းဖို့အတွက်ကိုလည်း ကိုယ်တိုင်ကိုယ်ကျထုတ်ပိုးပြင်ဆင်နေတာလည်း ဖြစ်ပါတယ်..။

တောင်ဒဂုံက အိမ်၂၅၀ နဲ့ သီလရှင်ကျောင်း ၅၂ ကျောင်းအတွက် အဖွဲ့သားတွေနဲ့အတူ စားနပ်ရိက္ခာတွေထုတ်ပိုးပြင်ဆင်နေပြီး နောက်ထပ် အိမ်ခြေ၁၀၀၀ စာကိုလည်း ပြင်ဆင်လှူဒါန်းမယ့်အကြောင်း ဖောင်ဒေးရှင်းရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြောပြထားပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

"8-4-2021

ဒီနေ့ အထုပ်ထုပ်တဲ့နေ့ပါ။

လျော့တာတွေ ထပ်ဖြည့်ပါတယ်။

မနက်ဖြန် သွားလှူပေးမယ့် တောင်ဒဂုံ အိမ်ခြေ ၂၅၀

သီလရှင်ကျောင်းလေး ၅၂ ကျောင်း အတွက် ပြင်ဆင်ပါတယ်။

အဖွဲ့သားတွေ တက်ညီလက်ညီထုပ်ကြတာ ခဏနဲ့ ပြီး

ပါတယ်။

အိမ်ခြေ ၁၀၀၀ နီးပါး လှူပေးပြီးလို့ နောက် ၁၀၀၀ စလှူပေးပါမယ်။

အန်တီ ဒေါ်ဆွေဆွေသင်း မှတဆင့် မိတ်ဆွေများရဲ့အလှူ နဲ့

မတည်ကာ စလှူပေးမှာပါ။

အလှူရှင်များလည်း ပါဝင်လှူဒါန်းပေးကြပါလို့ ဖိတ်ခေါ်ပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484.." ဆိုပြီး အလှူအတွက် ပြင်ဆင်နေကြတဲ့ ပုံရိပ်တွေကိုဝေမျှထားတာပါ..။

ပြည်သူတွေအတွက် နေ့စဉ်နဲ့အမျှလှူဒါန်းမှုတွေပြုလုပ်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ အလှူတွေကိုလည်း ပြည်သူတွေအားလုံးက သာဓုခေါ်ကုသိုလ်ယူကာ ဝမ်းသာအားရ ဆုတောင်းစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

သတင်း အရင်းအမြစ်w Foundation's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T