အာဟာရအလှူရှင်မရှိတာ (၂)လ‌နီးပါးရှိနေပြီဖြစ်လို့ အကူအညီလိုအပ်နေကြတဲ့ အမေ့အိမ်ဘိုးဘွားရိပ်သာက အဘိုးအဘွားများ

//s9.kh1.co/e7/e71e6f04463d4f08916c9cf9b848f9eeac179a9e.jpg
နေ့စဉ်သတင်းများ

 ၀၉-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အာဟာရအလှူရှင်မရှိတာ (၂)လ‌နီးပါးရှိနေပြီဖြစ်လို့ အကူအညီလိုအပ်နေကြတဲ့ အမေ့အိမ်ဘိုးဘွားရိပ်သာက အဘိုးအဘွားများ

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေ တော်တော်များများမှာ အခက်အခဲတွေကိုယ်စီ ကြုံတွေ့နေရတာ ဖြစ်ပါတယ် ။ အထူးသဖြင့် သာမန်ပြည်သူတွေခမျာ အလုပ်တွေ ရပ်နားထားရတာကြောင့် သူတို့ရဲ့စားဝတ်နေရေးနဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ယောက်က အကူအညီလိုအပ်နေတဲ့ အဘိုးအဘွားတွေအတွက် အလှူခံပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလို Post မျိုး မတင်ချင်ပေမယ့်လည်း တကယ်မတတ်နိုင်တော့တာကြောင့် အလှူခံလာရတာဖြစ်ကြောင်းကို အဲ့ဒီပြည်သူက ပြောထားတာ ဖြစ်ပါတယ် ။ သူ့ရဲ့စာထဲမှာတော့ အမေ့အိမ်ဘိုးဘွားရိပ်သာကြီးတွင် စောင့်ရှောက်ထားတဲ့ အဘိုးအဘွားများအတွက် အာဟာရအလှူရှင်မရှိတာ(၂)လနီးပါးရှိပါပြီဖြစ်ကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ် ။ ဒါကြောင့် စေတနာရှင်ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးနိုင်ကြောင်း သူကတိုက်တွန်းထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အမေ့အိမ် ဘိုးဘွားရိပ်သာကြီးမှာတော့
ဆီးကြိတ်ဝေဒနာ၊ လေဖြန်းဝေဒနာ၊  ဒူးဝေဒနာ၊ အစားမစားနိုင်တော့တဲ့ ဝေဒနာတွေကို ခံစားနေရတဲ့ အဘိုးအဘွားတွေရှိနေတာဖြစ်ပြီး သူတို့ကို ဆေးရုံမှာပြသပေးဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ဒီလိုအဘိုးအဘွားတွေအတွက် အာဟာရဒါနအလှူအဖြစ် တစ်ရက်စာကို (၄၅၀၀၀)ကျပ်နှုန်းဖြင့် လှူဒါန်းနိုင်ကြောင်းကို ကိုယ်စားအလှူခံပေးတဲ့ ပြည်သူတစ်ဦးက ပြောထားတာ ဖြစ်ပါတယ် ။ ပရိသတ်တွေလည်း သဒ္ဓါတရားနည်းများမဆို ပါဝင်ကုသိုလ်ယူလို့ရအောင် လှူဒါန်းနိုင်မယ့် ဖုန်းနံပါတ်ကို အောက်မှာဖော်ပြပေးလိုက်ရပါတယ်။ 

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T