လူမမယ်ကလေးတွေကို မွေးစားတာနဲ့ ပတ်သက်ပြီး သူမရဲ့ ရင်ထဲမှာရှိတဲ့ ခံယူချက်ကို ပြောပြလာတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/ec/ec8f52f5653c2426ee37db174e08edc83de8727a.jpeg
အနုပညာရှင်များ

 ၀၉-ပြီ-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်   ခိုင်နှင်းဝေကတော့  ပရဟိတအလုပ်တွေကို  လုပ်ကိုင်ရင်း ကြိုးစားပမ်းစား လုပ်ကိုင်နေတဲ့  အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။  အခက်အခဲဖြစ်နေတဲ့ ပြည်သူများကို  ကိုယ်တိုင်သွားရောက်ကူညီနေတဲ့ သူမကို  ပရိသတ်တွေက လေးစားအတုယူနေကြတာလည်း  ဖြစ်ပါတယ်။  အလှူရေစက်လက်နဲ့မကွာဆိုတဲ့ စကားအတိုင်း   လိုအပ်တဲ့နေရာတိုင်းကို တတ်နိုင်သလောက် လှူဒါန်းနေတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါနော်။

Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 

" ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ " ကို တည်ထောင်ထားပြီး  ကလေးငယ်လေးတွေကို မေတ္တာအပြည့်ဖြင့် ကာကွယ်စောင့်ရှောက်ပေးနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင် ရက်ပိုင်းလောက်ကလည်း  စစ်ပြေးရင်း  ကွယ်လွန်သွားခဲ့တဲ့ ပြည်သူတစ်ဦးရဲ့ ကလေးလေးအား ပြုစုစောင့်ရှောက်ဖို့  ပြင်ဆင်နေကြောင်း  ပရိသတ်တွေကိုအသိပေးထားတာပဲ  ဖြစ်ပါတယ်။  မနေ့ကတော့ မိခင်ကွယ်လွန်သွားတဲ့ ကလေးလေးအပြင် ကျန်တဲ့ ကလေးနှစ်ယောက်ကိုပါ မွေးစားခဲ့တဲ့အကြောင်း  ခိုင်နှင်းဝေရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အခုလိုရေးသား ဝေမျှထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 

" ဒီနေ့ တစ်ရက်ထဲ သားသမီး (၃) ယောက် မွေးစားဖြစ်ပါတယ်ရှင်.....သားလေး (၂) ယောက် နဲ့ သမီးလေး (၁) ယောက်ပါ...လူမျိုးမရွေး၊ ဘာသာမရွေး ဆိုးသည် ကောင်းသည် မရွေးဘဲ လူ့အသက် တစ်ချောင်းကို တန်ဖိုးထား၍ကယ်တင်ခြင်းမှာ ကျွန်မ ခံယူချက်ဖြစ်ပါတယ်..ကလေးတွေ အနာဂတ် အတွက် ပြုစုပျိုးထောင်ဖို့ အားမွေးရင်း ဒီနေ့တော့ ကျွန်မကလေး (၃) ယောက်တောင် မွေးစားပစ်လိုက်ပါပြီ ရှင်.." ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီ့ထက်မက  ပရဟိတအလုပ်တွေကို ဆောင်ရွက်နိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khine Hnin Wai’s Facebook Account 

Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T