ပဲခူးကပြည်သူတွေအတွက် ဘာမှမလုပ်ပေးနိုင်လို့ ပြောစရာစကားမရှိအောင်နာကျင်ရပြီး ဝမ်းနည်းယူကြုံးမရစွာတောင်းပန်လိုက်တဲ့ တိုင်ရွန်

//s9.kh1.co/ba/ba79ae04da96dd8e2c9f2d85584d2b93e39283c8.jpg
အနုပညာရှင်များ

 ၁၀-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်မော်လ်ဒယ်မင်းသားချော တိုင်ရွန်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ကြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ဖေဖော်ဝါရီလအစပိုင်းကတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ရဲရင့်စွာပါဝင်နေပြီး လိုအပ်နေတဲ့ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက်ဖေးမကူညီလှူဒါန်းနေတဲ့ တိုင်ရွန်ကတော့ ကျဆုံးသွားတဲ့သူရဲကောင်းပြည်သူတွေအတွက် စိတ်ထိခိုက်ခံစားနေရတာလည်း တွေ့ရပါတယ်..။

Photo Credit - Tyron Bejay's Fb Acc
Photo Credit - Tyron Bejay's Fb Acc
Photo Credit - Tyron Bejay's Fb Acc
Photo Credit - Tyron Bejay's Fb Acc

ဖေဖော်ဝါရီလ (၉)ရက်နေ့ တစ်ရက်တည်းနဲ့တင် သေဆုံးသူ (၆၀) ကျော်နဲ့ ဖမ်းဆီးခံရသူ ၁၀၀ ကျော်ပြီး အထိအခိုက်အကျဆုံးများခဲ့တဲ့ ပဲခူးက သူရဲကောင်းပြည်သူတွေအတွက် ပဲခူးသားတစ်ယောက်အနေနဲ့ ယူကြုံးမရဝမ်းနည်းရသလို သူငယ်ချင်းဖြစ်သူပိုင်တံခွန်အတွက်လည်း စိတ်မကောင်းဖြစ်ရတဲ့အကြောင်းတွေကို တိုင်ရွန်က ပြောပြလာပါတယ်..။

"ပဲခူးမြို့က အမျိုးတွေ အားတင်းထားပါဗျာ

ဒီထက်ပိုပြီး ပြောစရာစကားမရှိ နာကျင်ရပါတယ် ..... ?

ပဲခူးသားတစ်ယောက်အနေနဲ့ ဘာမှမလုပ်ပေးနိုင်တာတောင်းပန်ပါတယ် .....

ကျွန်နော့်မြို့လေးပါ အေးအေးချမ်းချမ်းနေတဲ့ မြို့လေးပါ အရမ်းမလုပ်ကြပါနဲ့ တောင်းပန်ပါတယ်ဗျာ ?.." ဆိုပြီး ဘာမှမလုပ်ပေးနိုင်လို့ ယူကြုံးမရဖြစ်ရတဲ့အကြောင်းကို ဝမ်းနည်းစွာပြောပြထားတာပါ..။

Photo Credit - Tyron Bejay's Fb Acc
Photo Credit - Tyron Bejay's Fb Acc
Photo Credit - Tyron Bejay's Fb Acc
Photo Credit - Tyron Bejay's Fb Acc

"သူငယ်ချင်းရေ မင်းအဆင်မပြေမှန်းသိပေမဲ့ အဆင်ပြေပါစေဆုတောင်းပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူးကွာ သူတော်ကောင်းနတ်ကောင်းမပါစေကွာ ?

ပြည်သူတွေပို့သတဲ့မေတ္တာနဲ့ မင်းအမြန်ဆုံးလွတ်မြောက်ပါစေ.."ဆိုပြီးတော့လည်း သူငယ်ချင်းဖြစ်သူပိုင်တံခွန်အတွက် စိတ်မကောင်းဖြစ်နေရတာတွေကိုလည်း ပြောပြထားပါသေးတယ်..။

ပရိသတ်တွေအားလုံးကလည်း ပိုင်တံခွန်နဲ့ အခြားသောအနုပညာရှင်တွေအပြင် ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေအားလုံးအတွက် ဆုတောင်းပေးနေကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Tyron Bejay's Fb Acc
Photo Credit - Tyron Bejay's Fb Acc
Photo Credit - Tyron Bejay's Fb Acc
Photo Credit - Tyron Bejay's Fb Acc

သတင်း အရင်းအမြစ်Tyron Bejay's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T