အနုပညာလောကမှ စီနီယာအစ်ကိုမောင်နှမများ သင်္ကြန်တွင်း စားဝတ်နေရေးအဆင်ပြေစေရန် စားသောက်ကုန်တွေ သွားလှူခဲ့တဲ့ နေဒွေး

//s9.kh1.co/86/86ec262fc0f1ad9ba74263502438d5125ba3b63e.jpeg
အနုပညာရှင်များ

 ၁၀-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  နေဒွေးကတော့  အနုပညာလှုပ်ရှားမှုတွေကို ဆယ်စုနှစ်ကျော်တိုင်အောင် လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပါတယ်။  မိဘကို လုပ်ကျွေးနေတဲ့ သားလိမ္မာလေး ဖြစ်တာကြောင့် ဘယ်အလုပ်မဆို လုပ်ကိုင်တိုင်း အောင်မြင်မှုတွေ ရရှိနေတာလည်း  ဖြစ်ပါတယ်။ အလှူရေစက်လက်နဲ့မကွာဆိုတဲ့ စကားအတိုင်း  လိုအပ်တဲ့ နေရာတိုင်းသို့ကိုယ်တိုင်သွားရောက် ကုသိုလ်ယူနေသူလည်း ဖြစ်ပါတယ်။

Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 

ဒါ့အပြင်  လတ်တလောအခြေအနေတွင် စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့  ပြည်သူများအတွက်  ဆန်၊ ဆီ ၊ဆားစတဲ့ စားသောက်ကုန်ပစ္စည်းများကို လှူဒါန်းပေးနေတာကိုလည်း  ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။  မကြာသေးခင် နာရီပိုင်းလောက်ကလည်း  နေဒွေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  အနုပညာလောကမှ စီနီယာအစ်ကို၊အစ်မများရဲ့ စားဝတ်နေရေး အဆင်ပြေစေရန်  သွားရောက် ကူညီခဲ့တဲ့ ပုံရိပ်တွေကို တင်ထားတာ ဖြစ်ပါတယ်။

Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 

သူကလည်း " ကျွန်တော်ရဲ့ စီနီယာအစ်ကိုတွေအစ်မတွေ ဒုက္ခမျိုးစုံနဲ့ကြုံတွေ့နေရချိန်မှာ ကျွန်တော်တတ်နိုင်တာလေးတွေနဲ့ ကျွန်တော်တို့ရဲ့လောကသားတွေ သင်္ကြန်တွင်းစားဝတ်နေရေးအခက်အခဲပြေလည်စေနိုင်ဖို့ အလှူပြုလုပ်ပေးနေပါတယ်??????

ရုပ်ရှင်သရုပ်ဆောင် ဦးမောင်မောင်မျိုးသန့်ကိုဆက်

သွယ်လှုဒါန်းလိုသူများအတွက် ဖုန်းနံပါတ် - 09420075522 

ကိုဆက်ပြီးလှူဒါန်းနိုင်ပါတယ်ဗျ? ဦးမျိုးသန့်ကိုယ်တိုင်ကိုင်ပါတယ်ခင်ဗျ

ဤကုသိုလ်ကြောင့် စီနီယာအစ်ကို အစ်မတွေ နဲ့ လုပ်ဖော်ကိုင်ဖက်ညီအစ်ကိုတွေ အမြန်ဆုံးလွှတ်မြောက်နိုင်ကြပါစေသား??????" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Nay Dway’s Facebook Account 

Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T