လူထုလှုပ်ရှားမှုမှာပါဝင်ရင်း ဖမ်းဆီးခံသွားရတဲ့သားလေးက ကျန်းမာရေးအခြေအနေမကောင်းလို့ အရမ်းစိတ်ပူနေရတဲ့ မိခင်တစ်ဦး

//s9.kh1.co/1b/1bce9cfedde9c77b26b418c7538c9782bc47dac5.jpeg
နေ့စဉ်သတင်းများ

 ၁၀-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

လူထုလှုပ်ရှားမှုမှာပါဝင်ရင်း ဖမ်းဆီးခံသွားရတဲ့သားလေးက ကျန်းမာရေးအခြေအနေမကောင်းလို့ အရမ်းစိတ်ပူနေရတဲ့ မိခင်တစ်ဦး

လက်ရှိပြုလုပ်နေကြတဲ့ လူထုလှုပ်ရှားမှုတွေကတော့ နေ့စဉ်ရက်ဆက်ဆိုသလို ပြည်သူလူထုရဲ့ကြိုးပမ်းမှုတွေကြောင့် မရပ်နားသွားသေးတာဖြစ်ပါတယ်။လူငယ်တွေကလည်း ရဲစွမ်းသတ္တိအပြည့်နဲ့ရင်ဆိုင်နေကြပြီးပြည်သူလူထုကိုလည်း အသက်ပေးကာကွယ်ကြတာဖြစ်ပါတယ်။ယနေ့အချိန်ထိဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကြောင့် ကျဆုံးသွားတဲ့သူတွေလည်း အယောက်(၅၀၀)ကျော်နေပြီဖြစ်ပါတယ်။ပြည်သူတွေကတော့သတ္တိရှိစွာရင်ဆိုင်ခဲ့ကြတဲ့ ကျဆုံးသူရဲကောင်းတွေကို အမြဲလေးစားနေကြတာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လတ်တလောမှာဆိုရင် ဖမ်းဆီးခံရတဲ့ပြည်သူတွေလည်း အများအပြားရှိနေပြီဖြစ်ပြီး ပြည်သူလူထုကလည်း သူတို့အတွက် တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း မောင်ကောင်းထက်ဇော်ဆိုတဲ့လူငယ်လေးတစ်ယောက်ကတော့ လူထုလှုပ်ရှားမှုမှာပါဝင်ရင်း ဖမ်းဆီးထိန်းသိမ်းခံသွားရတာဖြစ်ပါတယ်။မောင်ကောင်းထက်ဇော်ရဲ့မိခင်ကလည်း သားလေးကို မတွေ့ရတာ (၁၅.၃.၂၀၂၁)ရက်နေ့ကစပြီး ယနေ့အချိန်ထိပဲဖြစ်ပါတယ်။မိခင်ဖြစ်သူက သားလေးရဲ့ကျန်းမာရေးအခြေအနေကိုကြားသိရလို့ အရမ်းစိုးရိမ်နေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်ကောင်းထက်ဇော်က ညာဘက်မျက်လုံးပေါက်ထွက်ဒဏ်ရာ၊ဦးခေါင်းခွံအက်၍ခွဲစိတ်ဒဏ်ရာတို့နဲ့ အိပ်ရာထဲလဲပြီး ထမင်းလည်းမစားနိုင်၊လမ်းလည်းကောင်းကောင်းမလျှောက်နိုင်တဲ့အပြင် စကားပင်မပြောနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။မောင်ကောင်းထက်ဇော်ရဲ့မိခင်ကတော့ သားလေးကိုအရမ်းစိတ်ပူနေတာကြောင့် ဆေးကုသခွင့်ပေးဖို့နဲ့ ခဏလေးပဲဖြစ်ဖြစ်တွေ့ခွင့်ရဖို့ကို ပြင်ဦးလွင်ခရိုင်တရားသူကြီးမင်းထံ တောင်းဆိုနေတာဖြစ်ပါတယ်။အမှုကိုနားလည်သူများအနေနဲ့လည်း ကူညီပေးဖို့အတွက် မိခင်ဖြစ်သူကမေတ္တာရပ်ခံထားတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T