အလှူအတန်းတွေလုပ်ပြီး ပြည်သူတွေအမြန်ဆုံး ငြိမ်းအေးချမ်းသာစေဖို့တောင်းဆုခြွေ ကုသိုလ်ပြုနေတဲ့ မေခလာ

//s9.kh1.co/d3/d33eeff0364ef05b4bbdf2011ee1df1642af7f41.jpg
အနုပညာရှင်များ

 ၁၀-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဂီတအနုပညာလောကမှာ သီချင်းကောင်းတွေများစွာနဲ့ အောင်မြင်မှုတွေများစွာရရှိထားပြီး ချစ်ငယ်လို့အများကချစ်စနိုးခေါ်ကြတဲ့ အဆိုတော်မေခလာကတော့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

မေခလာကတော့ အလှူအတန်းတွေပြုလုပ်ကာ ပြည်သူတွေအားလုံးနဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေပြီး အခုတစ်ခါမှာလည်း သံဃာတော်တွေကို လှူဒါန်းမှုတွေ ပြုလုပ်ကုသိုလ်ယူခဲ့ပြန်ပါတယ်..။

Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc

အသက်(၈၇)နှစ်အရွယ် မိခင်ဖြစ်သူကိုယ်တိုင်ချုပ်လုပ်ထားတဲ့ handmade နေရာအထိုင်အခင်းကို ဆရာတော်ဘုရားကြီးအတွက် လှူဒါန်းခဲ့သလို လတိုင်းလှူနေကျ ဝတ္တူငွေတွေကိုလည်း လှူဒါန်းကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်..။

အမျိုးမျိုးသောဆင်းရဲဒုက္ခရောက်နေကြသူတွေအပြင် ဖမ်းဆီးခံပြည်သူတွေလွတ်မြောက်ဖို့အတွက် တောင်းဆုခြွေကုသိုလ်ပြုခဲ့တာဖြစ်ပြီး ပုံရိပ်တွေကိုလည်း ဝေမျှပြောပြထားတာလည်း တွေ့ရပါတယ်..။

Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc

"မေမေကြီး အသက် ၈၇ကျော်ပါပြီ သူကိုယ်တိုင်ချုပ်တဲ့ handmade နေရာထိုင်အခင်းလေးကို ဆရာတော်ဘုရား အတွက်လှုခိုင်းပါတယ်

လ တိုင်း အမြဲလှုနေကျ့ ဝတ္ထူငွေကိုလဲ ဇွဲစုံဆရာတော်ဘုရား ကျောင်းဆောင်သစ် အတွက် နိုင်သလောက် လေးလှုဒါန်းခဲ့ပါတယ်

ယခု့ ဤသို့ပြုရကုသိုလ်ကောင်းမှု့ကြောင့်

မြန်မာပြည်ကြီး အမြန်ဆုံးအေးငြိမ်းချမ်းသာပါစေ

ဆင်းရဲဒုက္ခရောက်နေသူ အားလုံး အမြန်ဆုံးအေးငြိမ်းကြပါစေ

အကျဉ်းအကြတ် အမျိုးမျိုးမှ့ လွတ်မြောက်အောင်မြင်ကြပါစေ

လူတန်းစားစေ့ ချမ်းသာကြပါစေ

???.." ဆိုပြီး ကုသိုလ်အလှူကို ဝေမျှထားတာ ဖြစ်ပါတယ်..။

တတ်နိုင်တဲ့ဘက်ကနေ အမျိုးမျိုးလုပ်ဆောင်ရင်း ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ မေခလာရဲ့ကုသိုလ်ပုံရိပ်တွေကိုလည်း ပရိသတ်တွေက သာဓုခေါ်ရင်း အားပေးစကားတွေလည်း ပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc

သတင်း အရင်းအမြစ်May KhaLar's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T