ဖြိုခွင်းမှုတွေနဲ့အခက်အခဲတွေကြားက အောင်သပြေသပိတ်မှာ ပြည်သူတွေနဲ့အတူ ပါဝင်လှုပ်ရှားခဲ့တဲ့ ဘုန်းဆက်သွင်

//s9.kh1.co/a4/a4f4991500b712eb4ba2b8aa6e67db37f145a8db.jpg
အနုပညာရှင်များ

 ၁၁-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး အောင်မြင်စွာလျှောက်လှမ်းနေတဲ့ မင်းသားဘုန်းဆက်သွင်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပါပဲ..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ အရေးတော်ပုံအောင်မြင်ဖို့အတွက် လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေအပြင် အလှူအတန်းတွေမှာလည်း ပြုလုပ်ပြီး လုအင်အား ငွေအင်အားတွေနဲ့ပါ အင်တိုက်အားတိုက်ပါဝင်လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Jay
Photo Credit - Jay
Photo Credit - Jay
Photo Credit - Jay
Photo Credit - Jay
Photo Credit - Jay

တက်ကြွရဲရင့်စွာနဲ့ တတ်နိုင်သလောက်အားဖြည့်ပါဝင်နေတဲ့ ဘုန်းဆက်သွင်ကတော့ ဒီကနေ့မှာလည်း ပြည်သူတွေနဲ့အတူ အောင်အတိတ်အောင်နိမိတ်တွေအဖြစ် အောင်သပြေသပိတ်ကိုလည်း ပြုလုပ်နေတာ တွေ့ရပါတယ်..။

ဖြိုခွင်းမှုတွေရှိနေတဲ့ အခက်အခဲတွေကြားထဲက ယနေ့အချိန်ထိ သွေးမအေးသွားဘဲ လုပ်နိုင်သလောက်အင်အားတွေနဲ့ အကောင်းဆုံးကြိုးစားလုပ်ဆောင်နေတဲ့ ဘုန်းဆက်သွင်ကတော့ မနက်အစောပိုင်းကပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေကိုလည်း ဝေမျှထားပါသေးတယ်..။

Photo Credit - Jay
Photo Credit - Jay
Photo Credit - Jay
Photo Credit - Jay
Photo Credit - Jay
Photo Credit - Jay

"ယနေ့ (11.4.2021)

အောင်အတိတ်

အောင်နိမိတ်နဲ့

အောင်သပြေသပိတ်

အရေးတော်ပုံ အောင်ရမည်

???.." ဆိုပြီး လှုပ်ရှားမှုပုံရိပ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ ယနေ့အချိန်ထိ အားမာန်တွေအပြည့်နဲ့ တက်တက်ကြွကြွပါဝင်လုပ်ဆောင်နေတဲ့ မင်းသားဘုန်းဆက်သွင်ရဲ့ စိတ်ထားနဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုတော့ ပရိသတ်တွေကချီးကျူးရင်း အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Jay
Photo Credit - Jay
Photo Credit - Jay
Photo Credit - Jay
Photo Credit - Jay
Photo Credit - Jay

သတင်း အရင်းအမြစ်PhoneSett Thwin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T