အန္တရာယ်တွေကြားထဲကနေတောင် လမ်းပေါ်ထွက်ပြီး အချဉ်ပေါင်းရောင်းကာ ရုန်းကန်နေရတဲ့အဘိုးအိုဆီကနေဝယ်ယူအားပေးခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/24/24085f94f7382e7ca19ba478e5809c642de13ba5.jpeg
နေ့စဉ်သတင်းများ

 ၁၃-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

အန္တရာယ်တွေကြားထဲကနေတောင် လမ်းပေါ်ထွက်ပြီး အချဉ်ပေါင်းရောင်းကာ ရုန်းကန်နေရတဲ့အဘိုးအိုဆီကနေဝယ်ယူအားပေးခဲ့တဲ့ ပြည်သူတစ်ဦး

အခုလိုကာလမှာ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ပြည်သူတွေလည်း စားဝတ်နေရေးခက်ခဲနေတာကြောင့် ပြည်သူအချင်းချင်းကသာ ကူညီဖေးမပေးကြတာဖြစ်ပါတယ်။နဂိုကတည်းက မေတ္တာ၊ဂရုဏာကြီးမားကြတဲ့ မြန်မာလူမျိုးတွေကတော့ မိမိတို့ရဲ့ရှေ့မှာ ခက်ခဲနေကြတဲ့သူတွေကိုတွေ့မြင်တိုင်း တတ်နိုင်သလောက်ကူညီခဲ့ကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာ မိသားစုရဲ့စားဝတ်နေရေးအတွက် လမ်းပေါ်ထွက်ပြီး ရုန်းကန်နေရတဲ့ ပြည်သူတွေလည်း အများအပြားရှိနေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့ကြောင့်လည်း စေတနာရှင်ပြည်သူတချို့က လမ်းပေါ်မှာစျေးရောင်းနေကြတဲ့သူတွေဆီကနေ မိမိတို့မလိုအပ်ပေမယ့်လည်း ဝယ်ယူအားပေးလာကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း လှည်းလေးတွန်းပြီး သရက်သီးအချဉ်ပေါင်းရောင်းနေတဲ့ အဘိုးအိုတစ်ဦးကို ကိုယ်ချင်းစာမိလို့ ပြည်သူတစ်ဦးက ဝယ်စားလိုက်တာဖြစ်ပါတယ်။အဘိုးကိုသရက်သီးရောင်းကောင်းလားလို့ မေးတဲ့အခါမှာ”ဒီလိုခေတ်ပျက်ကြီးထဲ ဘယ်ကောင်းပါ့မလဲ သမီးရယ်”ဆိုပြီးပြန်ဖြေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဘိုးကတော့ သူ့ဆီကနေ အချဉ်ပေါင်းဝယ်စားတဲ့ပြည်သူကို “အန္တရာယ်ကင်းပါစေ”ဆိုပြီး ဆုတွေလည်းပေးလိုက်သေးတာ ဖြစ်ပါတယ်။အခုလိုကာလကြီးမှာ မိသားစုရဲ့စားဝတ်နေရေးအတွက် ကလေးငယ်လေးတွေကအစ ဗန်းလေးခေါင်းပေါ်ရွက်ပြီး လမ်းပေါ်ထွက်ကာ စျေးရောင်းနေကြရတာဖြစ်ပါတယ်။အန္တရာယ်တွေကြားထဲကနေ လှုပ်ရှားရုန်းကန်နေရတဲ့သူတွေကိုတွေ့တဲ့အခါ မိမိတို့တတ်နိုင်သလောက် ကူညီပေးကြဖို့အတွက် တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T