ဆိုင်းမိုင်ဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ်အချစ်တွေအခိုင်အမာရရှိကာ တစ်ခဲနက်အောင်မြင်မှုတွေများစွာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချော ပိုးကြာဖြူခင်ကတော့ လတ်တလောအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပါပဲ..။
ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီး လှူဒါန်းမှုတွေကိုလည်း အများအပြားပြုလုပ်ကာ အားလုံးနဲ့တစ်သားတည်းပါဝင်နေသူလည်း ဖြစ်ပါတယ်..။
ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ခဲ့တဲ့ သရုပ်ဆောင်မင်းသမီးပိုးကြာဖြူခင်ကတော့ ဒီကနေ့မှာလည်း ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့ပြီး နှစ်သစ်ကူးအချိန်အခါကို စတင်ဖြတ်သန်းကာ ကုသိုလ်ယူခဲ့ပြန်ပါတယ်..။
မြန်မာ့နွေဦးသင်္ကြန်အကြိုနေ့အမှီ အလှူအဖြစ် ဆန်၊ ဆီနဲ့ အခြားစားသောက်ကုန်တွေကို ပြည်သူတွေအတွက်လှူဒါန်းကာ မွန်မွန်မြတ်မြတ်ကုသိုလ်ယူခဲ့တဲ့ ပုံရိပ်တွေကိုလည်း ပိုးကြာဖြူခင်က ပရိသတ်တွေကိုလည်း အသိပေးဝေမျှထားတာ ဖြစ်ပါတယ်..။
"မြန်မာ့နွေဦးသင်္ကြန်အကြိုနေ့အမှီ မွန်မြတ်သောအလှူဒါန အတွက်ဝမ်းသာပီတိဖြစ်မိပါသည်.. ပါဝင်လှူဒါန်းပေးပါသောမိတ်ဆွေ ရောင်းရင်းများ,အနယ်နယ်အရပ်ရပ်မှ စာအုပ်ချစ်သူပရိတ်သတ်များနှင့် Poe Kyar Phyu Khin fans များ အားလုံးအထူးကျေးဇူးတင်ရှိပါသည်.???.." ဆိုကာ အလှူပုံရိပ်တွေကို ဝေမျှထားတာပါ..။
အင်္ကြန်အကြိုနေ့မှာပဲ ပြည်သူတွေနဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ရင်း ဖြတ်သန်းနေကြတဲ့ ပိုးကြာဖြူခင်တို့မိသားစုရဲ့ အလှူပုံရိပ်တွေကိုလည်း အားလုံးက သာဓုခေါ်ကာ ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Poe Kyar Phyu Khin's Fb Acc