ရေဆော့ကစားသူ မည်သူမျှမရှိဘဲ တိတ်ဆိတ်နေခဲ့တဲ့ တောင်ကြီးမြို့ရဲ့ သင်္ကြန်အကြိုမြင်ကွင်းများ

//s9.kh1.co/19/19518ba43dd54661c762b21def2eb1760f39df32.jpeg
နေ့စဉ်သတင်းများ

 ၁၄-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

......

၂၀၂၁ ဧပြီလမှာကျရောက်တဲ့ မြန်မာနိုင်ငံသားအားလုံး တန်ဖိုးထားရာ သင်္ကြန်ပွဲတော်ကြီးကတော့ ခုဆိုရင် မည်သူတစ်ဦးတစ်ယောက်မှ ဆော့ကစားခြင်းမရှိဘဲ နေရာအနှံအပြားရဲ့ မြို့တိုင်းမှာ တိတ်ဆိတ် ငြိမ်သက်လျက်ရှိပါတယ်။နှစ်စဉ်နှစ်တိုင်း သင်္ကြန်ပွဲတော်ကြီးကို ကျင်းပလာကြပေမယ့် ခုလိုကာလမှာ အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေကို ငဲ့ညှာပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်ရတာကြောင့် ပြည်သူပြည်သားတွေဟာ သင်္ကြန်ပွဲတော်ကြီးကို ညီညီညွတ်ညွတ် မဆင်နွှဲကြတာလည်းဖြစ်ပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

သင်္ကြန်ပွဲတော်ကြီးကို မကျင်းပကြပေမယ့်လည်း အတာအိုးများမှာ ဆေးရောင်များကို ခြယ်သကာ မိမိတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ရေးသားရင်း ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေကို ပြုလုပ်လျက်ရှိပါတယ်။တစ်ချို့ကလည်း မုန့်လုံးရေပေါ်လေးတွေကို လက်သုံးချောင်း သင်္ကေတများ ဖန်တီးကာ လှုပ်ရှားမှုမျိုးစုံကိုရရာနေရာကနေ နေရာအနှံအပြားမှာ ပြုလုပ်ခဲ့ကြပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ဒီလို သင်္ကြန်ပွဲတော်ကြီးကို မဆင်နွှဲကြတဲ့ မြို့တွေ့ထဲမှာ တောင်ကြီးမြို့လေးလည်း အပါအဝင်ပါပဲ။အင်္ကြန်အကြိုနေ့ထဲက လမ်းမပေါ်တွေမှာ ရေပတ်သူနဲ့ရေပတ်ခံထွက်သူ တစ်ဦးမျှမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်လျက်ရှိနေခဲ့ပါတယ်။ပရိသတ်ကြီးလည်း တောင်ကြီးမြို့ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်စေရန် ဖော်ပြပေးလိုက်ပါရစေ။ ပြည်သူအားလုံးလည်း ဘေးအန္တရာယ်ကင်းရှင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo By Myanmarload
Photo By Myanmarload
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T