သွေးအေးနေတာမဟုတ်ဘဲ လွတ်လပ်မှု၊ငြိမ်းချမ်းမှုကို မရသေးသရွေ့ ရောက်ရာအရပ်ကနေ ဆက်လက်တော်လှန်နေဦးမယ့် မင်းမော်ကွန်း

//s9.kh1.co/7b/7b9d4641b12049f214393dc64282b735dab11d05.jpeg
အနုပညာရှင်များ

 ၁၄-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းမော်ကွန်းကတော့  လက်ရှိ မြန်မာနိုင်ငံတွင်  ဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ  တက်ကြွစွာ ပူးပေါင်းပါဝင်နေသူ  တစ်ဦး  ဖြစ်ပါတယ်။  လမ်းပေါ်ထွက်ကာ  ရင်ထဲက ဆန္ဒအမှန်တရားတွေကို  ဖေဖော်ဝါရီလကတည်းက  စတင်ကာ ထုတ်ဖော်ပြသခဲ့သူလည်း  ဖြစ်ပါတယ်။  လတ်တလောမှာတော့  မင်းမော်ကွန်းကို ၅၀၅(က) ဖြင့်  ဝရမ်းထုတ်ခံထားရတာကြောင့်  ခေတ္တခဏ  တိမ်းရှောင်နေရတာလည်း  ဖြစ်ပါတယ်။

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

အခုလို  တိမ်းရှောင်နေရပေမယ့်လည်း  သူ့ရဲ့ အခြေအနေတွေကို ပရိသတ်တွေစိတ်မပူစေရန်လည်း  လူမှုကွန်ယက်စာမျက်နှာတွင်  ဝေမျှပေးနေတာ  ဖြစ်ပါတယ်။  မကြာသေးခင် နာရီပိုင်းလောက်ကလည်း  မင်းမော်ကွန်းရဲ့Facebook အကောင့်တွင်  သွေးအေးနေတာမဟုတ်ဘဲ လွတ်လပ်မှု၊ငြိမ်းချမ်းမှုကို မရသေးသရွေ့ ရောက်ရာအရပ်ကနေ ဆက်လက်တော်လှန်နေဦးမယ့် အကြောင်းကို ရေးသားထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

" ဒီနေ့သင်္ကြန်အကျနေ့မှာ

ရေမစို အပျော်မဖက်ဘဲ

တော်လှန်ကြတဲ့မြန်မာပြည်အနှံ့က

ပြည်သူအားလုံးကိုလေးစားဂုဏ်ယူပါတယ်

သွေးအေးမသွားတဲ့အတွက်လည်း

ကျေးဇူးတင်ရပါတယ်

ကျွန်တော်၅၀၅ကိုကြောက်လို့

ပို့စ်တွေမတင်ရဲတော့ဘူးလို့

ထင်ကြသူများလည်းရှိကောင်းရှိပါလိမ့်မယ်

အဲ့ဒီအတွက်ကိုအထွေအထူး

ဖြေရှင်းနေဖို့မလိုအပ်တော့ဘူးထင်ပါတယ်

မြန်မာပြည်အဝှမ်းကရဲဘော်ရဲဘက်တွေနဲ့

ထပ်တူရပ်တည်နေတယ်ဆိုတာတော့

အကြွင်းမဲ့ယုံကြည်စေချင်ပါတယ်

ဘယ်တော့မှသွေးမအေးသလို

တော်လှန်မှုကိုလည်းအရှိန်လျော့ချဖို့

လုံးဝလုံးဝ အစီအစဉ်မရှိပါဘူး

ရောက်ရာအရပ်မှာ

မနိုင်မချင်း မအောင်မချင်း

လွပ်လပ်မှု ငြိမ်းချမ်းမှုကို မရသေးသရွေ့

ဆက်လက်တော်လှန်နေဦးမှာပါ

အားလုံးကျန်းမာဘေးကင်းကြပါစေ" ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး ကိုကျော်တစ်ယောက်  မိသားစုနဲ့ အမြန်ဆုံး  ပြန်လည်ဆုံဆည်းနိုင်ပါစေလို့လည်း  ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T