ပြည်သူတွေကတော့ နေ့တိုင်းလူထုလှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပြီး နည်းလမ်းမျိုးစုံနဲ့လက်ရှိအခြေအနေကိုရင်ဆိုင်နေကြတာဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာဆိုရင် လူငယ်တွေက ရှေ့ဆုံးကနေ တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ဒါ့အပြင်လည်း လူငယ်တွေက အတူတူရင်ဆိုင်နေကြတဲ့သူတွေကို အသက်ပေးပြီးကာကွယ်စောင့်ရှောက်ကြတာ ဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ ပြည်သူတွေက တစ်စိတ်တစ်ဝမ်းတည်းရှိပြီးတစ်ထောင့်တစ်နေရာကနေ အားကြိုးမာန်တက်ပါဝင်လှုပ်ရှားနေကြတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်ပရောက်နေကြတဲ့ မြန်မာလူမျိုးတွေကလည်း ပြည်တွင်းကပြည်သူတွေကို အမြဲကူညီကြပြီး အလှူငွေတွေလည်းထည့်ဝင်လှူဒါန်းနေကြတာဖြစ်ပါတယ်။အခုဆိုရင် မြန်မာပြည်တွင်းမှာနေထိုင်နေကြတဲ့ တိုင်းရင်းသားပြည်သူတွေကလည်း မိမိတို့အားဖြည့်နိုင်ကြတဲ့နေရာကနေ ပါဝင်နေကြတာဖြစ်ပါတယ်။တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကတော့ မိမိတို့ရဲ့ရိုးရာဝတ်စုံလေးတွေကို အမြတ်တနိုးဝတ်ဆင်ကြပြီး နေပူကြီးထဲမှာလူထုလှုပ်ရှားမှုပြုလုပ်နေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေက မိုးပျံပူဖောင်းအနီရောင်လေးတွေကိုကိုင်ပြီး တက်ကြွတဲ့ခြေလှမ်းတွေနဲ့ရှေ့သို့ချီတက်နေကြတာဖြစ်ပါတယ်။အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ပြည်သူတိုင်းက မိမိတို့မှာရှိသလောက်ခွန်အားတွေနဲ့ ပါဝင်အားဖြည့်ပေးကြပြီး အကောင်းဆုံးကျော်ဖြတ်နေကြတာ ဖြစ်ပါတယ်။(၁၂.၄.၂၀၂၁) ရက်နေ့မှာ တိုင်းရင်းသားပေါင်းစုံက စည်းစည်းလုံးလုံးနဲ့ “မိုးပျံပူဖောင်းသပိတ်”ပြုလုပ်ခဲ့ကြတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။