ဘွမ်ရာယန် စစ်ရှောင်စခန်းနေ ကချင်တိုင်းရင်းသားပြည်သူတွေအတွက် အလှူငွေတွေ လှူဒါန်းလိုက်တဲ့ အမွန်း

//s9.kh1.co/57/57d95dfd23343db7ddbc1706646db6151498cde2.jpg
အနုပညာရှင်များ

 ၁၄-ပြီ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ကိုယ်ပိုင်ဟန်ပန်တွေနဲ့ သီချင်းကောင်းတွေကြောင့် ဂီတလောကမှာအောင်မြင်မှုတွေ အခိုင်အမာရရှိထားပြီး လျှောက်လှမ်းရပ်တည်နေတဲ့ အဆိုတော်အမွန်းကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပါပဲ..။

အမွန်းကတော့ လက်ရှိအခြေအနေတွေကြောင့် အားလုံးရဲ့အနာဂတ်တွေနဲ့ ယုံကြည်မှုတွေအတွက် လှုပ်ရှားမှုတွေမှာ တတ်အားသရွေ့ တက်ကြွစွာပါဝင်နေပြီး အလှူအတန်းတွေကို ပြုလုပ်နေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Ah Moon's Fb Acc
Photo Credit - Ah Moon's Fb Acc
Photo Credit - Ah Moon's Fb Acc
Photo Credit - Ah Moon's Fb Acc

အမွန်းကတော့ လိုအပ်နေတဲ့ပြည်သူတွေအတွက် လှူဒါန်းမှုတွေ တတ်နိုင်သလောက်ပြုလုပ်နေသလို ဒီကနေ့မှာလည်း စစ်ဘေးသင့် ကချင်တိုင်းရင်းသားပြည်သူတွေအတွက်လည်း အလှူငွေတွေ ထည့်ဝင်လှူဒါန်းခဲ့ပြန်ပါတယ်..။

ဘွမ်ရာယန် စစ်ရှောင်စခန်းနေ စစ်ဘေးသင့် ပြည်သူတွေဖြစ်တဲ့ အင်ဂျန်းယန်မြို့နယ်၊ ဂွေထောင် ကျေးရွာ၊ ၁၇ မိုင်အထက် ကျေးရွာ အားလုံးမှ အိမ်ထောင်စု ၁၉၅ စု၊ လူဦးရေ ၉၀၄ ဦး အတွက် လိုအပ်တာတွေအသုံးပြုနိုင်ဖို့အတွက် အလှူငွေ သိန်း(၂၀)ကို Chyeju kaba Mali Ingra Volunteer Group ကို ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Ah Moon's Fb Acc
Photo Credit - Ah Moon's Fb Acc
Photo Credit - Ah Moon's Fb Acc
Photo Credit - Ah Moon's Fb Acc

"Chyeju kaba Mali Ingra Volunteer Group ❤️??

စစ်ဘေးသင့် သွေးချင်းများနဲ့ တနိုင်ငံလုံးမှာရှိတဲ့ ကိုယ့်နေရပ်ကိုစွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူအရောက်စီတိုင်း အတွက် ဘေးရန်ကင်းပါစေလို့ နေ့စဉ်ဆုတောင်းလျှက် ???????.." ဆိုပြီး ဆုတောင်းမေတ္တာပို့သထားပြီး အလှူကို ဝေမျှထားတာ ဖြစ်ပါတယ်..။

အမွန်းရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း အလှူကို သာဓုခေါ်ကာ အားပေးစကားတွေ ပြောထားကြသလို ကျန်းမာရေးအပြင် အစစအရာရာဂရုစိုက်ဖို့ မှာထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Ah Moon's Fb Acc
Photo Credit - Ah Moon's Fb Acc
Photo Credit - Amazing Grace
Photo Credit - Amazing Grace

သတင်း အရင်းအမြစ်Ah Moon's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T