လက်ရှိအချိန်မှာဆိုရင် တချို့ပြည်နယ်၊မြို့နယ်တွေမှာ မီဘေးအန္တရာယ်တွေနဲ့ကြုံတွေ့နေရပြီး မိမိတို့ရဲ့ အိုးအိမ်၊စည်းစိမ်တွေ ဆုံးရှုံးနေရတာပဲဖြစ်ပါတယ်။ဧပြီလ(၁၃)ရက်နေ့၊နံနက်(၄)နာရီဝန်းကျင်ကဆိုရင်လည်း မန္တလေးမြို့၊၃လမ်း၊နွားခြံကုန်းရပ်ကွက်၊သူကြီးလမ်းသွယ်မှ အိမ်ခြေ(၄၀)ခန့် မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့လည်း မိမိတို့ရဲ့နေအိမ်တွေကို ဆုံးရှုံးသွားရလို့ လက်ရှိမှာတော့ အဆင်ပြေသလိုသာနေထိုင်နေရတာဖြစ်ပါတယ်။
မီးလောင်ကျွမ်းသွားတဲ့နေအိမ်တွေထဲမှာ အစ္စလာမ်ဘာသာဝင်ပြည်သူတွေရဲ့ နေအိမ်တွေလည်း အများအပြားပါဝင်နေတာဖြစ်ပါတယ်။ဒါ့ကြောင့် မီးဘေးအခက်အခဲနဲ့ကြုံတွေ့နေရတဲ့ပြည်သူတွေကို ဗုဒ္ဓဘာသာ၊သံဃာ့သမဂ္ဂဆရာတော်၊ရဟန်းတော်များနဲ့ စိန့်ဂျိုးဇက်ကတ်သလစ်သီလရှင်များက အတူတကွသွားရောက်ပြီး လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။ရဟန်းတော်များနဲ့ ကတ်သလစ်သီလရှင်များကတော့ အစ္စလာမ်ဘာသာဝင်ပြည်သူတွေအတွက် အလှူငွေများနဲ့ စားသောက်ကုန်တွေကိုပေးအပ်ခဲ့တာဖြစ်ပါတယ်။
မီးဘေးဒုက္ခကိုခံစားနေရတဲ့ပြည်သူတွေအနေနဲ့လည်း အခုလိုမျိုး တစ်နိုင်တစ်ပိုင်လေး လာရောက်လှူဒါန်းကြတဲ့ရဟန်းတော်များနဲ့ ကတ်သလစ်သီလရှင်တွေကို ကျေးဇူးတင်နေကြတာဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာပြည်သူတွေက ဘာကိုမှမခွဲခြားဘဲ အကုန်လုံးကို တပြေးညီကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။စေတနာ၊မေတ္တာရှေ့ထားပြီး အစ္စလာမ်ဘာသာဝင်ပြည်သူတွေကို ကူညီလှူဒါန်းခဲ့ကြတဲ့ ရဟန်းတော်တွေနဲ့ ကတ်သလစ်သီလရှင်တို့ရဲ့ ပီတိဖြစ်စရာပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder