မိုးထဲလေထဲမှာတောင် မိုးကာလေးတွေဝတ်၊ထီးတွေဆောင်းပြီး ညဘက်လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေကြတဲ့ ထားဝယ်ကပြည်သူတချို့

//s9.kh1.co/ab/ab1f8aa06f8f5bdbf9c3b8b32eeb8db84cfd3df4.jpeg
နေ့စဉ်သတင်းများ

 ၁၅-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

မိုးထဲလေထဲမှာတောင် မိုးကာလေးတွေဝတ်၊ထီးတွေဆောင်းပြီး ညဘက်လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေကြတဲ့ ထားဝယ်ကပြည်သူတချို့

ပြည်သူလူထုကတော့ မိမိတို့ရဲ့အနာဂတ်အတွက် လက်ရှိအခြေအနေကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နေကြတာ ဖြစ်ပါတယ်။အခုချိန်ထိတိုင် လူထုလှုပ်ရှားမှုတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်နေကြဆဲဖြစ်ပြီး ကျဆုံးသွားတဲ့သူရဲကောင်းတွေလည်း အယောက်(၇၀၀)ကျော်နေပြီဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ပြည်သူလူထုက စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ဆက်လက်အကောင်အထည်ဖော်နေကြဆဲ ဖြစ်ပါတယ်။လူငယ်တွေကလည်း ရဲစွမ်းသတ္တိနဲ့တီထွင်ကြံဆနိုင်မှုတွေပြည့်စုံကြလို့ ချီးကျူးစရာကောင်းလှတဲ့ Gen Zတွေဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူတွေကတော့ လူထုလှုပ်ရှားမှုတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြတာဖြစ်ပြီး တစ်ခုခုဆို အရမ်းစည်းလုံးကြတာဖြစ်ပါတယ်။ပြည်သူလူထုက နေ့ဘက်တွေသာမက ညဘက်တွေမှာတောင် လူထုလှုပ်ရှားမှုတွေအတွက် အားသွန်ခွန်စိုက်ကြိုးစားနေကြတာဖြစ်ပါတယ်။မနေ့ညကဆိုရင်လည်း ထားဝယ်က ပြည်သူတွေက မိုးထဲလေထဲမှာတောင် မိုးကာတွေဝတ်၊ထီးလေးတွေဆောင်းပြီး တက်တက်ကြွကြွနဲ့လှုပ်ရှားနေကြတာဖြစ်ပါတယ်။အရမ်းအေးနေတဲ့အချိန်မှာတောင် မိုးရွာထဲထွက်ပြီး ဆန္ဒထုတ်ဖော်နေကြတဲ့ပြည်သူတွေရဲ့စိတ်ဓာတ်က လေးစားစရာကောင်းလှပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရချိန်မှာ ပြည်သူတိုင်းက မိမိတို့မှာရှိတဲ့ခွန်အားတွေကိုအသုံးပြုပြီး တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။(၂)လကျော်ကြာသွားပြီဖြစ်တဲ့ ဒီအခြေအနေကို ပြည်သူတွေကတော့ အားကြိုးမာန်တက်လှုပ်ရှားနေကြဆဲဖြစ်ပါတယ်။ ပြည်သူလူထုက ဘယ်လိုအခက်အခဲမျိုးကိုမဆိုစည်းစည်းလုံးလုံးနဲ့ဖြေရှင်းနေကြပြီး မိုးထဲလေထဲမှာတောင် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေကြတဲ့ ထားဝယ်ကသူရဲကောင်းတွေရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T