ကျည်ထိသွားတဲ့အမျိုးသားတစ်ဦးကို အန္တရာယ်တွေကြားထဲကနေ ပွေ့ချီလာပြီး ရအောင်ပြန်သယ်လာခဲ့ကြတဲ့ပြည်သူတချို့

//s9.kh1.co/e1/e17d642a26889173b0f92755cd013e022c74e966.jpeg
နေ့စဉ်သတင်းများ

 ၁၅-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ကျည်ထိသွားတဲ့အမျိုးသားတစ်ဦးကို အန္တရာယ်တွေကြားထဲကနေ ပွေ့ချီလာပြီး ရအောင်ပြန်သယ်လာခဲ့ကြတဲ့ပြည်သူတချို့

လက်ရှိအခြေအနေကတော့ (၂)လကျော်ကြာသွားပေမယ့် မြို့တိုင်း၊နယ်တိုင်းမှာ လူထုလှုပ်ရှားမှုတွေကို ပြည်သူတွေက ဆက်လက်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ယခု သင်္ကြန်ရက်ကာလမှာဆိုရင်လည်း ပြည်သူတွေက နည်းလမ်းအမျိုးမျိုးနဲ့လှုပ်ရှားနေကြဆဲဖြစ်ပါတယ်။ဒီနေ့ ဧပြီလ(၁၅) ရက်နေ့မနက်ပိုင်းမှာတော့ မန္တလေးမှာပြုလုပ်တဲ့ကျန်းမာရေးမိသားစုသပိတ်စစ်ကြောင်းကို ဖြိုခွင်းခံရလို့ ပြည်သူလူထုလည်း ပြေးလွှားခဲ့ရတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အနီးအနားရပ်ကွက်တွေထဲကိုလည်း ဝင်ရောက်ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့တာကြောင့် စင်္ကြာတောင်ဗလီ မြောက်ဗလီဝင်းထဲက အမျိုးသားတစ်ဦး ကျည်ထိမှန်သွားခဲ့တာဖြစ်ပါတယ်။ကျည်ထိသွားတဲ့အမျိုးသားကို ပြည်သူတွေကလည်း ပွေ့ချီလာပြီး အန္တရာယ်တွေကြားထဲကနေ ရအောင်ပြန်သယ်လာခဲ့တာဖြစ်ပါတယ်။ပြည်သူတွေကတော့ကျည်ထိသွားတဲ့သူကို တစ်ယောက်တည်းမထားခဲ့ဘဲ အသက်မှီလိုမှီငြားကယ်ခဲ့ကြပေမယ့် အဲ့ဒီအမျိုးသားကတော့ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီနေ့အထိဆိုရင် လက်ရှိအခြေအနေကြောင့်အသက်ပေးသွားရတဲ့ပြည်သူတွေလည်း အယောက်(၇၀၀)ထက်မနည်းရှိနေပြီဖြစ်ပါတယ်။ပြည်သူလူထုကတော့ ကျဆုံးသွားတဲ့ပြည်သူတွေကို အမြဲအောက်မေ့သတိရပြီး ကုသိုလ်တွေလည်းပြုပေးနေကြတာဖြစ်ပါတယ်။အခုချိန်မှာတော့ ပြည်သူတွေက မိမိရဲ့အသက်အန္တရာယ်ကိုပဓာနမထားဘဲအချင်းချင်းကာကွယ်စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။အန္တရာယ်တွေကြားထဲကနေ ကျည်ထိသွားတဲ့အမျိုးသားတစ်ဦးကို ပြည်သူတွေက အပြည့်အဝကာကွယ်ပေးနေကြတဲ့ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T