ဘေဘီမောင်ကတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ  ပါဝင်သရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့ အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။  ပရိသတ်တွေအပေါ်မှာလည်း  တလေးတစားဆက်ဆံပြီး  လူတိုင်းအပေါ်မှာလည်း  ကူညီချင်စိတ်ရှိသူ ဖြစ်တာကြောင့်  အားလုံးက ချစ်ခင်နေကြတာပါ။  ဒါ့အပြင်  အရေးကြုံတဲ့ အခါတိုင်းမှာလည်း  ပြည်သူတွေဘက်မှ  ရပ်တည်ပေးသူ အနုပညာရှင်  တစ်ဦး  ဖြစ်ပါတယ်။

Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 

ဘေဘီမောင်ဟာ  လတ်တလောဖြစ်ပေါ်နေတဲ့  အခြေအနေတွေ  အမြန်ပြီးဆုံးပြီး  မြန်မာနိုင်ငံကြီး အရင်လို  ငြိမ်းချမ်းဖို့  ဘုရားရှိခိုးတိုင်း  ဆုတောင်းမေတ္တာပို့သ နေတာဖြစ်ပါတယ်။  လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်လည်း  အလှူငွေတွေ သွားရောက် လှူဒါန်းပေးခဲ့တာပါ။  လက်ရှိမှာလည်း  မိခင်ဖြစ်သူနဲ့အတူ  တရားစခန်းဝင်နေတာပါနော်။

Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 

မကြာသေးခင်  မိနစ်ပိုင်းလောက်ကလည်း  ဘေဘီမောင်ရဲ့လူမှုကွန်ယက်စာမျက်နှာတွင်  သင်္ကြန်အကြတ်နေ့မှာသံဃာတော်တွေအား ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တဲ့  ပုံရိပ်တွေကို  ဝေမျှပေးထားတာ ဖြစ်ပါတယ်။  သူမကလည်း " 🙏🏻🙏🏻🙏🏻 

ရတနာသုံးပါးဂုဏ်ကျေးဇူးဖြင့်

ကောင်းကျိုးလိုရာဆန္ဒများ

ပြည့်ဝကြပါစေ

ကပ်သုံးပါးမှ

ကင်းဝေးကြပါစေ

ကုသိုလ်တရားတို့ဖြင့်

အေးငြိမ်းကြပါစေ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Baby Maung’s Facebook Account 

Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။