ပရိသတ်ကြီးရေ.. နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူလုထုလှုပ်ရှားမှုတွေကို တတ်နိုင်တဲ့ဘက်ကနေ ရဲရင့်တက်ကြွစွာပါဝင်လှုပ်ရှားခဲ့တဲ့ အကယ်ဒမီဦးဇင်ဝိုင်းနဲ့ အဆိုတော်ပိုပိုတို့ကတော့ ဒီနေ့မှာပဲ ထိန်းသိမ်းခံလိုက်ရပါတယ်..။

ဦးဇင်ဝိုင်းနဲ့ အဆိုတော်ပိုပိုတို့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ပုဒ်မ- ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတာဖြစ်ပြီး ဒီကနေ့ ဧပြီလ(၁၅)ရက်နေ့ နေ့လည်ပိုင်းမှာ အသီးသီး ထိန်းသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်..။

Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Po Po's Fb Acc

အဆိုတော်ပိုပိုကို ဒီနေ့ ညနေ(၃)နာရီလောက်မှာ နေအိမ်ကနေ ဖမ်းဆီးသွားတာဖြစ်တဲ့အကြောင်း သူမရဲ့ မန်နေဂျာဖြစ်သူက အတည်ပြုပြောပြထားတာဖြစ်ပြီး ဦးဇင်ဝိုင်းကိုတော့ ညနေ(၄)နာရီဝန်းကျင်လောက်က တက္ကသိုလ်ရိပ်မွန်မှာ ထိန်းသိမ်းခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်..။|

ဦးဇင်ဝိုင်းနဲ့ ပိုပိုတို့နှစ်ယောက်အတွက် ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း စိတ်မကောင်းဖြစ်နေကြသလို သရုပ်ဆောင်ဘုန်းဆက်သွင်နဲ့ မော်လ်ဒယ်သရုပ်ဆောင် Hu Go တို့ကလည်း သူတို့ရဲ့ ဖေ့စ်ဘွ်စာမျက်နှာကနေ ဝမ်းနည်းစိတ်ပူနေတဲ့အကြောင်းရေးသားထားကြတာ တွေ့ရပါတယ်..။

Photo Credit - May Jue Thet Lal's Fb Acc
Photo Credit - May Jue Thet Lal's Fb Acc
Photo Credit - Hu Go's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc

"ပိုပို ကိုဖမ်းသွားကြပြီ!

SpeakOut လုပ်ပေးကြပါအုံး!

သူလုံးဝနေမကောင်းဘူး!

သူ့မှာမိသားစုလည်း မရှိပါဘူး!

တျောက်ထဲသမားမို့ ပိုစိတ်ပူတယ်ဗျာ!

အနောက်က ဘယ်လိုလိုက်ရမလဲဆိုတာ အကြံပေးပါအုံး!..

She Need Us🙏🙏🙏.." ဆိုပြီး Hu Go က စိုးရိမ်စိတ်တွေနဲ့ ဝမ်းနည်းစွာပြောပြထားသလို "Here is to strong women,

May we know them

May we be them

May we raise them

Keep smiling

Keep stronger

You did it my fri💪🏻✊🏻💪🏻.." ဆိုပြီးတော့လည်း Mee No ကလည်း သူငယ်ချင်းဖြစ်သူ ပိုပိုအတွက်အားပေးစကားတွေလည်း ပြောထားပါသေးတယ်..။

ပြည်သူတွေအားလုံးကလည်း ထိန်းသိမ်းခံထားရတဲ့ ဦးဇင်ဝိုင်းနဲ့ ပိုပိုတို့နှစ်ယောက်လုံး ကျန်းကျန်းမာမာ အန္တရာယ်ကင်းဘေးရှင်းစွာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့အတွက် အသီးသီးဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc

သတင်းအရင်းမြစ်: PhoneSett Thwin's Fb Acc & Hu Go's Fb Acc & May Jue Thet Lal's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။