ပြည်သူတွေနဲ့အတူရပ်တည်ကာ တော်လှန်ရေးတိုက်ပွဲကြီးရဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ သရုပ်ဆောင်မင်းသားချော ဘုန်းဆက်သွင်ကတော့ ဒီကနေ့မှာပဲ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခြင်းခံရတဲ့ အနုပညာရှင်တွေမှာ ပါဝင်လာခဲ့ပါတယ်..။
ဘုန်းဆက်သွင်တော့ ဖေဖော်ဝါရီလအစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင် ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက်လည်း လှူဒါန်းမှုတွေနဲ့ ဖေးမကူညီကာ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေသူလည်း ဖြစ်ပါတယ်..။
ဖြိုခွင်းမှုတွေကြားက အရေးတော်ပုံအောင်မြင်ဖို့အတွက်င်းမပျက်မကွက်လမ်းပေါ်ထွက် လှုပ်ရှားမှုတွေနဲ့ ကြိုးစားလုပ်ဆောင်နေတဲ့ ဘုန်းဆက်သွင်ကတော့ ၅၀၅-က ဖြင့် ဝရမ်းထုတ်အရေးယူခြင်းခံရတဲ့အထဲ ပါဝင်လာပေမယ့်လည်း ပရိသတ်တွေကို စိတ်မပူဖို့ ပြောပြလာပါတယ်..။
ထင်ထားတဲ့အတိုင်းဖြစ်လာခဲ့တာမို့ စိတ်ချရတဲ့နေရာမှာရှိနေတာမို့ စိတ်ပူပေးကြသူတွေကို ကျေးဇူးတင်စကားပြောရင်း ဘုန်းဆက်သွင်က သူ့ရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ အားလုံးကိုအသိပေးပြောပြထားတာပဲ ဖြစ်ပါတယ်..။
"ထင်ထားတဲ့အတိုင်း ဖြစ်လာပါပြီခင်ဗျာ ကျွန်တော် စိတ်ချရတဲ့နေရာမှာရှိနေပါတယ်
စိတ်ပူပေးကြလို့ လည်းကျေးဇူးပါခင်ဗျာ
ရှုံးမှာသိနေတဲ့သူတို့တောင်
နောက်မဆုတ်သေးတာ
နိုင်မှာသိနေတဲ့ ကျွန်တော်တို့တွေက
နောက်ဆုတ်စရာလား
အရေးတော်ပုံ အောင်ရမည်
???
???.." ဆိုပြီး ဘုန်းဆက်သွင်က ရေးသားပြောပြထားတာပါ..။
ဒီကနေ့မှာ ဝရမ်းပါတဲ့ ဘုန်းဆက်သွင်အတွက် ပရိသတ်တွေကလည်း စိုးရိမ်တကြီး စိတ်ပူနေကြသလို ဂရုစိုက်ဖို့ကိုလည်း သတိပေးစကားတွေနဲ့ ဆုတောင်းစကားတွေ ပြောထားကြတာလည်း တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ PhoneSett Thwin's Fb Acc