ရန်ကုန်တိုင်း အလုံမြို့နယ်က လူငယ်လေးတွေ ထူးထူးခြားခြားပြုလုပ်ခဲ့ကြတဲ့ ဌက်လွှတ်သပိတ်လှုပ်ရှားမှု

//s9.kh1.co/6c/6c0bfe2ef6f7da06ef708d20df366f5088d5e247.jpeg
နေ့စဉ်သတင်းများ

 ၁၆-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

ကမ္ဘာတစ်ဝှမ်းရဲ့ သတင်းတွေထိနေရာယူခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးဟာဆိုရင် ခုချိန်ထိ လှုပ်ရှားမှုမျိုးစုံနဲ့ အရှိန်အဟုန်ကောင်းနေဆဲပါ။ပြည်သူအားလုံးက ရဲရင့်ကြသလို GenXYZ တွေရဲ့ တီထွင်နိုင်မှုတွေ ပေါင်းစပ်နိုင်ခဲ့တာကြောင့် နိုင်ငံအသီးသီးက လေးစားချီးကျူးနေကြတာပါ။လူငယ်တွေကလည်း ဘယ်လောက်ပဲအခက်အခဲတွေရှိနေပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်လှမ်းနေခဲ့တာ ဒီနေဆိုရင် ဒီလူထုလှုပ်ရှားမှုကြီးဟာနှစ်လကျော်လာကြာခဲ့ပါပြီ။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ခုလို သင်္ကြန်ပွဲတော်ရက်မှာလည်း မြန်မာနိုင်ငံအနှံအပြားရှိ မြို့နယ်တိုင်းက ပြည်သူအားလုံးဟာ ရေဆော့ကစားခြင်းမရှိဘဲ နေရာတိုင်းရဲ့ လမ်းမတိုင်းဟာ တိတ်ဆိတ်ခြောက်ကပ်လျက်ရှိပါတယ်။ရေဆော့မကစားကြပေမယ့်လည်း ဆန္ဒထုတ်ဖော်မှုမျိုးစုံကိုတော့ လူငယ်တွေက တီထွင်ကာ ညီညီညွတ်ညွတ်နဲ့ လှုပ်ရှားမှုပြုနေကြတာလည်းဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

သင်္ကြန်အကြတ်နေ့မှာဆိုရင်လည်း ရန်ကုန်တိုင်း အလုံမြို့နယ်ကလူငယ်မျိုးဆက်သစ်များဟာ ဌက်လွှတ်သပိတ်ဆိုတဲ့ လှုပ်ရှားမှုကြီးကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာတွေ့ရပါတယ်။ ဌက်ကလေးများကိုကိုင်ဆောင်ရင်း မိမိတို့ရဲ့ ရင်ထဲကဆန္ဒတွေကို ကြွေးကြော်ဆုတောင်းရင်း အဆုံးမှာ ကိုင်ဆောင်ထားတဲ့ ဌက်လေးတွေကို လွှတ်ပေးခဲ့ကြတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း အလုံမြို့နယ်မှာ ထူးထူးခြားခြားပြုလုပ်တဲ့ ဌက်လွှတ်သပိတ်ကပုံရိပ်တွေကိုကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source &Photo Credit: Original Uploder
Source &Photo Credit: Original Uploder
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T