ပြည်သူလူထုရဲ့ရင်ထဲမှာ အမြဲအောက်မေ့သတိရပြီး သမိုင်းတွင်ကျန်ရစ်နေမယ့် ကျဆုံးသူရဲကောင်းတွေရဲ့အုတ်ဂူလေးများ

//s9.kh1.co/6a/6a917e65bac10023912ed9df895914ae0fcc8394.jpeg
နေ့စဉ်သတင်းများ

 ၁၆-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ပြည်သူလူထုရဲ့ရင်ထဲမှာ အမြဲအောက်မေ့သတိရပြီး သမိုင်းတွင်ကျန်ရစ်နေမယ့် ကျဆုံးသူရဲကောင်းတွေရဲ့အုတ်ဂူလေးများ

လက်ရှိအချိန်မှာဆိုရင် ပြည်သူလူထုကတော့ မိမိတို့ရဲ့အသက်ကိုလည်းစွန့်လွှတ်ရဲတဲ့စိတ်ဓာတ်နဲ့ လမ်းပေါ်ထွက်ပြီး အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်နေကြတာဖြစ်ပါတယ်။ပြည်သူတိုင်းနီးပါးက ကျရာတာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ကြပြီး အကုန်လုံးစည်းစည်းလုံးလုံးရှိနေကြတာ ဖြစ်ပါတယ်။ဒါ့ကြောင့်လည်း (၂)လကျော်ကြာသွားပြီဖြစ်တဲ့ ဒီအခြေအနေမှာ ပြည်သူတွေက ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသလောက် ကြိုးစားကြပြီးအချင်းချင်းရိုင်းပင်းကူညီပေးနေကြတာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

ယနေ့အချိန်ထိဆိုရင် အသက်ပေးသွားရတဲ့သူရဲကောင်းတွေလည်း (၇၀၀)ကျော်နေပြီဖြစ်ပြီး တချို့အိမ်တွေဆိုမိသားစုဝင်မစုံတော့တာဖြစ်ပါတယ်။ပြည်သူလူထုကတော့ ကျဆုံးသူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို အားပေးနှစ်သိမ့်ကြပြီး တတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။ဒါ့အပြင်လည်း ကျဆုံးသူရဲကောင်းတွေ အသက်ပေးရတာနဲ့တန်အောင်လို့ ဒီနေ့အချိန်ထိတိုင် လှုပ်ရှားနေကြဆဲဖြစ်ပါတယ်။တချို့မိဘတွေဆိုရင် မိမိတို့ရဲ့အဖိုးတန်သားသမီးလေးတွေကို ဆုံးရှုံးလိုက်ရလို့ ရင်ကွဲမတတ်ခံစားနေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မန္တလေးမြို့မှာဆိုရင်လည်း လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးသွားရတဲ့သူရဲကောင်းတွေလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။ကျဆုံးသူရဲကောင်းတွေကို ပြည်သူလူထုကလည်း အမြဲအောက်မေ့သတိရပြီး ကျန်ရစ်သူမိသားစု​ဝင်တွေနဲ့ထပ်တူ ဝမ်းနည်းနာကျင်နေရတာပဲဖြစ်ပါတယ်။ကျဆုံးသူရဲကောင်းတွေရဲ့အုတ်ဂူလေးတွေကတော့ ပြည်သူတွေရဲ့ရင်ထဲမှာသမိုင်းတွင်ကျန်ရစ်နေမှာပဲဖြစ်ပါတယ်။မိမိတို့ရဲ့ မိသားစုတွေဆီ ဘယ်တော့မှပြန်မလာနိုင်တော့တဲ့ သူရဲကောင်းတွေရဲ့အုတ်ဂူလေးတွေကို ဝမ်းနည်းစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T