သရုပ်ဆောင်   သဇင်ထူးမြင့်ကတော့  အနုပညာလောကတွင်  အချိန်တိုအတွင်းအောင်မြင်မှုတွေ  ရရှိပိုင်ဆိုင်ထားတဲ့  တက်သစ်စ  အနုပညာရှင်တစ်ဦးပဲ  ဖြစ်ပါတယ်။  ရိုးရိုးလေးနေတတ်တဲ့  သူမရဲ့ ပုံစံလေးကြောင့်လည်း  ပရိသတ်တွေက  တစ်နေ့ထက်တစ်နေ့  ပိုပိုပြီး  ချစ်ခင်အားပေးလာကြတာ ဖြစ်ပါတယ်။  အရေးကြုံတဲ့အခါတိုင်း  ပြည်သူတွေဘက်ကနေ  ရပ်တည်ပေးနေတဲ့  သူမရဲ့စိတ်ဓာတ်ကိုတော့ အားလုံးက  မချီးကျူးဘဲ  မနေနိုင်အောင်ပါပဲနော်။

Photo Crd-Thazin Htoo Myint’s IG Account
Photo Crd-Thazin Htoo Myint’s IG Account

လက်ရှိမှာတော့  အခြေအနေအရပ်ရပ်ကြောင့်  ခေတ္တခဏ  တိမ်းရှောင်နေရပေမယ့်လည်း  တတ်နိုင်တဲ့ဘက်ကနေ  ကူညီပေးနေသူလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေ စိတ်မပူအောင်လည်း  စာလေးတွေ  တင်ကာ ပြောပြနေတာပါ။  မကြာသေးခင် နာရီပိုင်းလောက်ကလည်း  သဇင်ထူးမြင့်ရဲ့ Instagram တွင်  ပုံလေးတစ်ပုံ တင်ထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Thazin Htoo Myint’s IG Account
Photo Crd-Thazin Htoo Myint’s IG Account

ဒါကတော့  လတ်တလော Facebook မသုံးဖြစ်ပေမယ့်လည်း ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်အောင် အခြားလူမှုကွန်ယက်များအသုံးပြုနေတဲ့ အကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။  " လက်ရှိအရမ်းခက်ခဲနေတဲ့အခြေအနေအရ မတတ်နိုင်လို့ ခဏ D ထားရပေမယ့်  IG ရော Twitter မှာပါ ရှိနေပါမယ် အရေးတော်ပုံ အောင်ရမည် " ဆိုပြီး ရေးသားထားတာဖြစ်တာကြောင့်  ပရိသတ်တွေလည်း  သိရှိရအောင်  ဒီသတင်းကို တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Thazin Htoo Myint’s IG Account

Photo Crd-Thazin Htoo Myint’s IG Account
Photo Crd-Thazin Htoo Myint’s IG Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။