မိသားစုကိုရှာဖွေကျွေးမွေးဖို့အတွက် ရေခဲထုပ်ပုံးကြီးလွယ်ပြီး နေ့တိုင်းလမ်းပေါ်ထွက်ကာ ခြေလျင်လျှောက်ရောင်းနေတဲ့ အဘိုးအိုတစ်ဦး

//s9.kh1.co/d7/d775520cd736b55f951c2415b91bc6c8fdd5710f.jpeg
နေ့စဉ်သတင်းများ

 ၁၇-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

မိသားစုကိုရှာဖွေကျွေးမွေးဖို့အတွက် ရေခဲထုပ်ပုံးကြီးလွယ်ပြီး နေ့တိုင်းလမ်းပေါ်ထွက်ကာ ခြေလျင်လျှောက်ရောင်းနေတဲ့ အဘိုးအိုတစ်ဦး

မြန်မာပြည်သူ၊ပြည်သားတွေကတော့ အပေးအကမ်းလည်းရက်ရောကြပြီး သဒ္ဓါတရားထက်သန်ကြလို့ ဘယ်သူ့ကိုမဆို ဖြူဖြူစင်စင်ကူညီပေးတတ်ကြတာဖြစ်ပါတယ်။အားကိုးစရာမရှိတဲ့ သက်ကြီးရွယ်အို အဘိုး၊အဘွားတွေကိုတွေ့ရင်လည်း ကိုယ်တတ်နိုင်သလောက်လှူဒါန်းကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း စေတနာရှင်ပြည်သူတစ်ဦးက ရေခဲထုပ်ရောင်းပြီးအသက်မွေးဝမ်းကြောင်းပြုနေရတဲ့ အဘိုးနဲ့အဘွားကို စေတနာအပြည့်နဲ့ကူညီပေးခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဘိုးနဲ့အဘွားက မုံရွာမြို့မှာနေထိုင်ပြီး သားသမီးမရှိတော့ဘဲ ချွေးမနဲ့မြေးလေးတွေပဲရှိတာဖြစ်ပါတယ်။အဘိုးကတော့ ရေခဲထုပ်ပုံးကြီးကိုလွယ်ပြီး နေ့တိုင်းခြေလျင်လျှောက်ရောင်းကာ မိသားစုရဲ့စားဝတ်နေရေးအတွက်ရုန်းကန်နေရတာဖြစ်ပါတယ်။စေတနာရှင်ပြည်သူတစ်ဦးက အဘိုးကို ကိုယ်ချင်းစာမိတာကြောင့် ငွေကြေးတချို့လှူပေးခဲ့တဲ့အပြင် ဆန်၊ကြက်ဥတွေနဲ့ ဟင်းချက်စရာတွေကိုပါပေးအပ်ခဲ့တာဖြစ်ပါတယ်။အသက်အရွယ်ကြီးရင့်နေပေမယ့်လည်း ရှိသမျှအားလေးနဲ့ ရပ်တည်နေရတဲ့အဘိုးတို့မိသားစုလေးအတွက် တချို့ပြည်သူတွေကလည်းဝိုင်းဝန်းလှူဒါန်းပေးကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီလိုကာလမှာ ပြည်သူလူထုလည်း ခက်ခဲနေကြတဲ့သူတွေကို တစ်တပ်တစ်အားကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။တချို့ပြည်သူတွေဆိုရင် ကိုယ်တိုင်ခက်ခဲနေရပေမယ့် ဘယ်သူ့ကိုမှအပူမပေးဘဲ ကိုယ့်အားကိုယ်ကိုးပြီး ဖြေရှင်းနေကြတာဖြစ်ပါတယ်။ရေခဲထုပ်ရောင်းနေတဲ့အဘိုးကလည်း မိသားစုအတွက် လမ်းပေါ်ထွက်ကာ ရေခဲထုပ်ရောင်းပြီးရှာဖွေကျွေးမွေးနေတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း မိမိရဲ့ပတ်ဝန်းကျင်မှာ ဒီလိုအဘိုး၊အဘွားတွေစျေးရောင်းနေတာကိုတွေ့ခဲ့ရင် တတ်နိုင်သလောက်ကူညီပေးကြပါဦးလို့ တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T