သင်္ကြန်ရေကစားပြီးပျော်နေကြသူတွေထဲမှာ ပါလားလို့ မေးမြန်းလာတာတွေကို ပြန်လည်ဖြေရှင်းလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/0b/0bb4921411a5a01289559eccbbab72fe15ba3e9f.jpg
အနုပညာရှင်များ

 ၁၇-ပြီ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဇာတ်ကားပေါင်းများစွာရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြုအားပေးချစ်ခင်မှုတွေကို ရရှိထားပြီး စကားပြောပွင့်လင်းတဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ လက်ရှိမှာအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပါပဲ..။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပြည်သူတွေအားလုံးပြုလုပ်နေကြတဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာလူထုလှုပ်ရှားမှုတွေအပြင် လှူဒါန်းမှုတွေပြုလုပ်ကာ ဖေးမကူညီမှုတွေနဲ့အတူ တတ်နိုင်သလောက် အားဖြည့်ပါဝင်နေသူလည်း ဖြစ်ပါတယ်..။

Photp Credit - Nhying Shin's Fb Acc
Photp Credit - Nhying Shin's Fb Acc
Photp Credit - Nhying Shin's Fb Acc
Photp Credit - Nhying Shin's Fb Acc

ပြီးခဲ့တဲ့ရက်က လူမှုကွန်ယက်ပရိသတ်တွေကြား ပြန့်နှံ့လာတဲ့ သင်္ကြန်ရေကစားပြီးပျော်နေကြတဲ့ အနုပညာရှင်တစ်ချို့ရဲ့ပုံတွေထဲမှာ ပါလာဆိုပြီး လာရောက်မေးမြန်းလာတာတွေကို နှိုင်းယှဉ်မြင့်မိုရ်က ပြန်လည်ဖြေရှင်းပြောပြလာပါတယ်..။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ သူမအနေနဲ့ မူးမော့အော့အန်ကာ ၁လနီးပါးလောက် ခေါင်းမထောင်နိုင်ဖြစ်နေပြီး လတ်တလောမှာလည်း အပြင်မထွက်ဖြစ်တဲ့အကြောင်းနဲ့ ဓာတ်ပုံထဲမှာ သူမ မပါဝင်တဲ့အကြောင်းကို ပြန်လည်ပြောပြထားတာပဲ ဖြစ်ပါတယ်..။

Photp Credit - Nhying Shin's Fb Acc
Photp Credit - Nhying Shin's Fb Acc
Photp Credit - Nhying Shin's Fb Acc
Photp Credit - Nhying Shin's Fb Acc

"ဪ ကိုယ့်ဘာသာကိုယ် ဗိုက်ကြီးနာစွဲနေသလိုလိုဖြစ်နေလို့ လူကခေါင်းမထောင်နိုင်တာ ၁လနီးပါးရှိပြီမို့

ညစ်နေတာ ....တနေ့ရွှေတနေ့ငွေ

ငါလေးဟာ အ မြဲ နာမည်ကြီးထမင်းငတ်သူ.." ဆိုပြီး နှိုင်းယှဉ်မြင့်မိုရ်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားအသိပေးပြောပြထားတာပါ..။

ပရိသတ်တွေမေးမြန်းထားတာတွေကို ပြန်လည်ဖြေရှင်းပြောပြထားသလို လတ်တလောမှာနေထိုင်မကောင်းတဲ့ သူမအတွက် အားလုံးကလည်း စိတ်ပူစွာနဲ့ ဂရုစိုက်ဖို့ကို Comment တွေမှာ ရေးသားထားကြတာလည်း တွေ့ရပါတယ်..။

Photp Credit - Nhying Shin's Fb Acc
Photp Credit - Nhying Shin's Fb Acc

သတင်း အရင်းအမြစ်Nhying Shin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T