နှစ်ဆန်းတစ်ရက်နေ့မှာ အိမ်ဘုရားကိုရေသပ္ပါယ်ကုသိုလ်ယူရင်း ပြည်သူတွေအားလုံးအတွက် မေတ္တာပို့ဆုတောင်းလိုက်တဲ့ သွန်းမြတ်ကြယ်စင်

//s9.kh1.co/c0/c02d38252d14274dff80ed2fd1732583bd3fa572.jpg
အနုပညာရှင်များ

 ၁၇-ပြီ-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ မျိုးဆက်သစ်အနုပညာရှင်တွေထဲမှာ Mini Miss လေး ဖြစ်တဲ့ သမီးလေးသွန်းကြယ်စင်ကလည်း အပါအဝင်ပါပဲ..။

Mini Miss & Mister Myanmar ပြိုင်ပွဲကြီးမှာ Little Miss Supranational Myanmar ဆုကြီးကို ဆွမ်းခူးရရှိထားတဲ့ သမီးလေးသွန်းမြတ်ကြယ်စင်ကတော့ ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့မှာလည်း ကောင်းမှုတွေပြုလုပ်ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်..။

Photo Credit - Thoon Myat Kyal Sin's Fb Acc
Photo Credit - Thoon Myat Kyal Sin's Fb Acc

သွန်းမြတ်ကြယ်စင်ကတော့ ဒီကနေ့ ဧပြီလ(၁၇)ရက်နေ့မှာကျရောက်တဲ့ မြန်မာ့တို့ရဲ့နှစ်သစ်ကူးအချိန်အခါဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ့မှာလည်း အိမ်ကဘုရားကို ကိုယ်တိုင်ကိုယ်ကျရေသပ္ပါယ်ကာ ကောင်းမှုကုသိုလ်တွေပြုလုပ်ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်..။

ဘုရားရေသပ္ပါယ်ကာ ကုသိုလ်တွေပြုလုပ်ရင်း ၇ရက်သားသမီး ပြည်သူပရိသတ်တွေ ငြိမ်းအေးချမ်းသာစေဖို့ ဆုတောင်းစကားတွေနဲ့ မေတ္တာပေးပို့ထားသလို ကုသိုလ်ယူပုံရိပ်တွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

Photo Credit - Thoon Myat Kyal Sin's Fb Acc
Photo Credit - Thoon Myat Kyal Sin's Fb Acc
Photo Credit - Thoon Myat Kyal Sin's Fb Acc
Photo Credit - Thoon Myat Kyal Sin's Fb Acc

"နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးတဲ့

နှစ်ဆန်းတစ်ရက်နေ့မှာ အိမ်ကဘုရားကို

ရေသပ္ပါယ် ရသော အကျိုးကြောင့်

သမီးချစ်ရတဲ့ ပရိသတ်ကြီးအားလုံး

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး

မင်္ဂလာရှိတဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့

ဆုတောင်းလိုက်ပါတယ်ရှင့် ???.." ဆိုပြီး ကုသိုလ်ယူနေတဲ့ ပုံရိပ်တွေကို ဝေမျှထားတာပါ..။

နှစ်ဆန်းတစ်ရက်နေ့မှာ ကောင်းမှုကုသိုလ်တွေပြုရင်း ပြည်သူအားလုံးအတွက် မေတ္တာပို့ဆုတောင်းပေးထားတဲ့ သမီးလေးသွန်းမြတ်ကြယ်စင်ရဲ့ ပုံရိပ်တွေကို အားလုံးကလည်း သာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Thoon Myat Kyal Sin's Fb Acc
Photo Credit - Thoon Myat Kyal Sin's Fb Acc
Photo Credit - Thoon Myat Kyal Sin's Fb Acc
Photo Credit - Thoon Myat Kyal Sin's Fb Acc

သတင်း အရင်းအမြစ်Thoon Myat Kyal Sin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T