မိမိတို့ရင်ထဲက ဆန္ဒတွေကိုရေးသားဖော်ပြရင်း စာရွက်ကပ်လှုပ်ရှားမှုကို ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြတဲ့ တောင်ကြီးကလူငယ်များ

//s9.kh1.co/fa/fa816b62ac707161e58abe37fbba47f1fcc05b79.jpeg
နေ့စဉ်သတင်းများ

 ၁၈-ပြီ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.....

ခုဆိုရင် မြန်မာနိုင်ငံနေရာအရပ်ရပ်မှာနေထိုင်ကြတဲ့ ပြည်သူအားလုံးဟာ စည်းစည်းလုံးလုံးနဲ့ ရရာနေရာကနေ နည်းမျိုးစုံကို အသုံးချကာ ဆန္ဒထုတ်ဖော်မှုတွေကို ငြိမ်းချမ်းစွာပြုလုပ်လျက်ရှိတာကို တွေ့မြင်ရပါတယ်။ဒီလှုပ်ရှားမှုတွေမှာ အဓိကပါဝင်ကြတဲ့ လူငယ်မျိုးဆက်သစ်လေးတွေရဲ့ တီထွင်နိုင်မှုတွေကလည်း တကယ်ကို လေးစားစရာကောင်းလွန်းတာ အမှန်ပါပဲ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီလို ဆန်းသစ်တဲ့ နည်းမျိုးစုံကို အသုံးချကာ ဆန္ဒထုတ်ဖော်မှုမြင်ကွင်းတွေကပဲ ကမ္ဘာတစ်ဝှမ်းလုံးရဲ့ သတင်းတွေထိ ရောက်ရှိခဲ့တာလည်းဖြစ်သလို အားလုံးကလည်း ချီးကျူးခဲ့ကြတာပါ။ဒီလိုလှုပ်ရှားမှုတွေကိုလည်း အပစ်အခတ်တွေ အန္တရာယ်တွေကြားကနေပဲ ခက်ခက်ခဲခဲလှုပ်ရှားနေကြရသလို အသက်ပေးသွားရတဲ့ သူရဲကောင်းတွေလည်း ခုဆိုများစွာထွက်ပေါ်ခဲ့တာကိုလည်း နှမျောတသ စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါပေမယ့်လည်း ပြည်သူအားလုံးက လက်မလျော့သွားဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်တိုးနေကြတာလည်းဖြစ်ပါတယ်။ဒီနေ့မှာလည်း ရှမ်းပြည်နယ် တောင်ကြီးက လူငယ်တွေစုပေါင်းပြီး မိမိတို့ရင်ထဲက ဆန္ဒတွေကို စာရွက်ပေါ်မှာ ထုတ်ဖော်ရေးသားကာ ခြံတွေရဲ့ နံရံအနှံအပြားမှာကပ်ရင်း စာရွက်ကပ်လှုပ်ရှားမှုလေးကို ငြိမ်းချမ်းစွာပြုလုပ်ခဲ့ကြတာကိုတွေ့မြင်ရပါတယ်။ပရိသတ်ကြီးအတွက် စာရွက်ကပ်လှုပ်ရှားမှုကပုံရိပ်လေးတွေကို မျှဝေပေးရင် ပြည်သူအားလုံး ဘေးကင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Source&Photo Credit: Original Uploder 
Source&Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T