အခုလိုခက်ခဲနေတဲ့အချိန်မှာ လာရောက်ကူညီပေးကြတဲ့ပြည်သူတွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ကချင်မြေက ကလေးငယ်လေးတွေ

//s9.kh1.co/ef/efce3a8898a7066e36be81742f2c18208af6c44e.jpeg
နေ့စဉ်သတင်းများ

 ၁၉-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အခုလိုခက်ခဲနေတဲ့အချိန်မှာ လာရောက်ကူညီပေးကြတဲ့ပြည်သူတွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ကချင်မြေက ကလေးငယ်လေးတွေ

လက်ရှိမှာဆိုရင်တော့ ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့က စစ်ဘေးရှောင်တွေအတွက် ပြည်သူအားလုံးက ဝိုင်းဝန်းကူညီနေကြတာဖြစ်ပါတယ်။ပြည်သူတိုင်းနီးပါးက မိမိတို့တတ်နိုင်သလောက်ပမာဏနဲ့ အလှူငွေတွေထည့်ဝင်ကြပြီး စေတနာရှင်ပြည်သူတစ်စုကလည်း လိုအပ်တဲ့ပစ္စည်းတွေဝယ်ခြမ်းကာ သွားရောက်လှူဒါန်းပေးကြတာဖြစ်ပါတယ်။ဒါ့အပြင်လည်း တချို့ပြည်သူတွေက မိမိတို့ရဲ့အဝတ်အထည်တချို့ကို စစ်ဘေးရှောင်ပြည်သူတွေအတွက် စေတနာအပြည့်နဲ့ဝေငှပေးကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း စေတနာရှင်တစ်စုက ကချင်စစ်ဘေးရှောင်တွေကို သွားရောက်ကူညီပေးရင်း ကြည်နူးစရာအဖြစ်အပျက်လေးကို ပြည်သူတွေထံပြန်လည်ဝေမျှခဲ့တာဖြစ်ပါတယ်။ကချင်စစ်ဘေးရှောင်ကလေးလေးတွေကတော့ အခုလိုအခက်အခဲတွေနဲ့ကြုံနေရချိန်မှာ သူတို့ကိုလာရောက်ကူညီပေးကြလို့ ကျေးဇူးတင်စကားဆိုထားတာဖြစ်ပါတယ်။သမီးငယ်လေးတစ်ယောက်ကဆိုရင်”အားလုံးကိုချစ်တယ် ပြန်တွေ့ရအောင် သမီးတို့ကိုကူညီပေးလို့ကျေးဇူးပါ ကချင်မြေမှ”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

နောက်ထပ်ကလေးတစ်ယောက်ကလည်း”အဝတ်အစားတွေရလို့ ဝမ်းသာတယ်။သမီးတို့သားတို့ကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်။တောင်ပေါ်မြေပြန့်မခွဲခြားဘဲ စည်းလုံးမယ်နော် ကချင်ပြည်ကိုလာလည်နော် အခုလောလောဆယ်တော့ သေနတ်သံနည်းနည်းကြားရတယ်”ဆိုပြီး လာလည်ဖို့ဖိတ်ခေါ်ထားသေးတာဖြစ်ပါတယ်။စစ်ဘေးရှောင်ကလေးငယ်လေးတွေက အလှူရှင်တွေအတွက် ကျေးဇူးတင်စကားလေးတွေကို စာရွက်ပေါ်မှာရေးသားပြီး လာလှူပေးတဲ့သူတွေနဲ့ထည့်ပေးလိုက်တဲ့အကြောင်းကို ပီတိဖြစ်စွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T