လက်ရှိမှာတော့ ပြည်သူတွေက တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်းနဲ့ပဲ အရင်ကထက်ပိုပြီး စည်းလုံးညီညွတ်စွာ ချစ်ခင်ရင်းနှီးနေကြတာ ဖြစ်ပါတယ် ။ စေတနာသဒ္ဓါတရား ထက်သန်ကြတဲ့ ပြည်သူတွေက လူထုလှုပ်ရှားမှုပြုလုပ်တဲ့သူတွေအတွက် လိုအပ်တာတွေ လှူဒါန်းပေးခဲ့သလို စစ်ဘေးရှောင် ပြည်သူတွေရှိလာတဲ့အခါမှာလည်း တတ်နိုင်သမျှ ကူညီလှူဒါန်းပေးခဲ့ကြတာ ဖြစ်ပါတယ် ။ အလှူရှင်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အစားနဲ့ အစားအသောက်တွေကို အဓိက လှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ် ။
လတ်တလော လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေပန်းစားနေတဲ့ ပုံရိပ်တစ်ချို့ကတော့ တကယ့်ကို သဘောကျချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ ဒီပုံတွေကတော့ အလှူရှင်တွေလှူလိုက်တဲ့ အဝတ်အစားတွေကို လက်ခံရရှိခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ပုံရိပ်တွေပဲ ဖြစ်ပါတယ် ။ ပုံထဲမှာဆိုရင် အဲ့ဒီအမျိုးသားက ဂါဝန်တစ်ထည်ကိုပဲ အလုပ်လုပ်နေတဲ့အချိန်မှာတောင် မချွတ်တမ်းဝတ်ဆင်ထားကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။
ဒီအမျိုးသားရဲ့ပုံကို မျှဝေခဲ့တဲ့ ပြည်သူတစ်ဦးက "ပေးတဲ့အလှူရှင်ကိုပြောလိုက်ပါတဲ့ကျေးဇူးအရမ်းတင်ပါတယ်လို့ ?တောထဲသွား၊ ငါးခူကင်၊ ကုန်ထမ်းလည်း မချွတ်တမ်းဝတ်ပါတယ်လို့ အလှူရှင်စိတ်ချမ်းသာအောင် ဝတ်ပေးနေပါတယ်လို့" ဆိုပြီး ရေးသားပြောပြခဲ့တာ ဖြစ်ပါတယ် ။ အဝတ်တွေပေးလိုက်တဲ့ အလှူရှင်စိတ်ကျေနပ်အောင် ဘယ်သွားသွား၊ ဘာလုပ်လုပ် မချွတ်တမ်း ဝတ်ပေးနေတဲ့ ဒီအမျိုးသားရဲ့ပုံစံကို ပြည်သူတွေကလည်း သဘောကျနေကြတာပဲ ဖြစ်ပါတယ် ။
Source & Photo Credit-Original Uploader