ဖြိုခွင်းမှုတွေ လေးဖက်လေးလံပိတ်ခံရတာတွေကြားကနေပဲ ရဲဝင့်စွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မန္တလေးတပ်ပေါင်းစုသပိတ်

//s9.kh1.co/eb/ebff672c4b454fe495ad52c8f194df6c28c2c784.jpeg
နေ့စဉ်သတင်းများ

 ၁၉-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.......

မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးကတော့ ဒီနေ့ထိအသက်ဝင်နေဆဲပါ ပြည်သူအားလုံးကလည်း တစ်ရက်လေးမှမနားဘဲ နေ့စဉ်တိုင်းလိုလို ရရာနေရာကနေ ဆန္ဒထုတ်ဖော်မှုတွေ မျိုးစုံပြုလုပ်လျက်ရှိတာတွေ့ရပါတယ်။ခုဆိုရင် အနယ်နယ်အရပ်ရပ်က တိုင်းရင်းသားလူမျိုးစုံပါ ပါဝင်လာခဲ့ပြီး စည်းလုံးညီညွတ်စွာ လှုပ်ရှားမှုတွေ မျိုးစုံကိုပြုလုပ်လျက်ရှိပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူငယ်တွေအားလုံးကလည်း မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို နိုင်ငံတကာက သတင်းမီဒီယာတွေ စိတ်ဝင်စားလာအောင် နည်းမျိုးစုံတီထွင်ပြီး လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။ ခုဆိုရင် မြို့တိုင်းမှာ ဖိနှိပ်ဖြိုခွဲခံရမှုတွေရှိနေတာကြောင့် ဆန္ဒထုတ်ဖော်မှုတွေဟာ အရင်ထက်နည်းပါးလာပြီဆိုပေမယ့်လည်း ပြည်သူတွေကတော့ တတ်နိုင်တဲ့ဘက်ကနေ ဆန္ဒထုတ်ဖော်နေကြဆဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီနေ့မန္တလေးမှာဆိုရင်လည်း GenXYZ တွေစုပေါင်းပြီး ဆိုင်းဘုတ်များကိုင်ဆောင်ကာ တပ်ပေါင်းစုသပိတ်ကြီးကို လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။မန္တလေး တပ်ပေါင်းစုသပိတ်ကြီးမှာ လူငယ်တွေက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပေမယ့်လည်း ဖြိုခွင်းခံရမှုတွေရှိသလို ပိတ်မိနေသူတွေလည်းရှိနေတယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။ပရိသတ်ကြီးအတွက် မန္တလေးတပ်ပေါင်းစုသပိတ်က ပုံရိပ်လေးတွေကိုပြန်လည်ဝေမျှပေးရင်း အားလုံးဘေးကင်းစွာ အိမ်ပြန်ရောက်ကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Source&Photo Credit: Original Uploder 
Source&Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T