ဒီလိုကာလမှာ ပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်ပြီး လိုအပ်တာများလှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/3b/3b7262353246f64e7af48fa8f900de0822286970.jpeg
အနုပညာရှင်များ

 ၁၉-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.....

ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အခိုင်အမာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ပရဟိတအလုပ်တွေကိုပဲ အားရုံစိုက်ကာ ကြိုးစားလုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုခက်ခဲတဲ့ ကာလတွေမှာတောင် ခိုကိုးရာမဲ့ ကလေးလေးတွေကို ခေါ်ယူစောင့်ရှောက်ပေးကာ သူတို့လေးတွေရဲ့ ကိစ္စအ၀၀မှန်သမျှကို ခိုင်နှင်းဝေက တာဝန်ယူပြီး ပြုစုပျိုးထောင်ပေးနေတာကိုလည်း လေးစာစွာတွေ့မြင်ရပါတယ်။

Photo Credit : Khine Hnin Wai Facebook Account
Photo Credit : Khine Hnin Wai Facebook Account
Photo Credit : Khine Hnin Wai Facebook Account
Photo Credit : Khine Hnin Wai Facebook Account

 ဒါ့အပြင် ဒီလိုအခက်အခဲဖြစ်နေတဲ့ အချိန်မှာလည်း ပြည်သူတွေအတွက် စားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်ပြီး လှူဒါန်းမှုတွေကိုတောက်လျှောက် ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။သင်္ကြန်တွင်းမှာလည်း ကောင်းမှုကုသိုလ်တွေများစွာပြုလုပ်ကာ ပြည်သူများအေးချမ်းစေရန်အတွက်လည်း မေတ္တာပို့သကာ ဆုတောင်းပေးခြင်းတွေလည်း ပြုလုပ်ခဲ့ပါတယ်။

Photo Credit : Khine Hnin Wai Facebook Account
Photo Credit : Khine Hnin Wai Facebook Account
Photo Credit : Khine Hnin Wai Facebook Account
Photo Credit : Khine Hnin Wai Facebook Account

အခုလည်း ပြည်သူများ အစားအသောက် အဆင်ပြေစေရန် ရည်ရွယ်ပြီး ဆန်အပါအဝင် အခြားလိုအပ်တဲ့ပစ္စည်းများကို လှူဒါန်းဖြစ်ခဲ့ကြောင်းသူရဲ့အကောင့်လေးမှာဖော်ပြထားတာဖြစ်ပါတယ်။အလှူပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်ကာလေးစားမိတာအမှန်ပါပဲနော်။ခိုင်နှင်းဝေရဲ့ အလှူပုံလေးတွေကိုဝေမျှပေးရင်း ပြည်သူအားလုံးလည်း ကျန်းမာချမ်းသာပြီး ဘေးကင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Khine Hnin Wai Facebook Account
Photo Credit : Khine Hnin Wai Facebook Account
Source & Photo Credit : Khine Hnin Wai Facebook Account
Source & Photo Credit : Khine Hnin Wai Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T