အရင်ကလိုပိုက်ဆံမတောင်းတော့ဘဲ ခေါက်ဆွဲထုပ်လေးတွေထိုင်ရောင်းနေတဲ့ လူငယ်လေးရဲ့အကြောင်းကို ပီတိဖြစ်စွာနဲ့မျှဝေလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/c7/c78d04d09ec8be1eb531b36aa088504b1f2cbc07.jpeg
နေ့စဉ်သတင်းများ

 ၂၀-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အရင်ကလိုပိုက်ဆံမတောင်းတော့ဘဲ ခေါက်ဆွဲထုပ်လေးတွေထိုင်ရောင်းနေတဲ့ လူငယ်လေးရဲ့အကြောင်းကို ပီတိဖြစ်စွာနဲ့မျှဝေလာတဲ့ ပြည်သူတစ်ဦး

လက်ရှိအချိန်မှာဆိုရင် နာကျင်ခံစားရတဲ့အဖြစ်အပျက်တွေလည်းရှိသလို ပြည်သူအချင်းချင်းကူညီဖေးမပေးနေကြလို့လည်း ပီတိဖြစ်စရာအခြေအနေတွေနဲ့လည်း တွေ့ကြုံနေရတာပဲဖြစ်ပါတယ်။ပြည်သူလူထုကလည်းစိတ်ရင်းစေတနာကောင်းကြတာကြောင့် အဆင်မပြေကြတဲ့သူတွေကိုတွေ့တိုင်း ကူညီပေးခဲ့ကြတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း ပြည်သူတစ်ဦးက သူကြုံတွေ့ခဲ့ရတဲ့ ပီတိဖြစ်စရာအဖြစ်အပျက်လေးတစ်ခုကို ပြည်သူတွေထံဝေမျှလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူငယ်လေးတစ်ဦးက အရင်ကဆိုရင် ကျွန်းတောလမ်းမ၊ငှက်ပျောတောလမ်းထိပ် city express ရှေ့မှာထိုင်ပြီးအမြဲတမ်း ပိုက်ဆံတောင်းတတ်ပေမယ့် အခုအခါမှာတော့ ထိုင်ခုံလေးတစ်ခုံနဲ့ခေါက်ဆွဲထုတ်တွေရောင်းချနေတာဖြစ်ပါတယ်။အဲ့ဒါကိုတွေ့မြင်သွားတဲ့ ပြည်သူက”ဟာ မင်းပိုက်ဆံမတောင်းတော့ဘူးလား”လို့မေးတဲ့အခါမှာ “မတောင်းတော့ဘူးကျွန်တော် အလုပ်လုပ်နေပြီ”ဆိုပြီး လူငယ်လေးက ပြန်ဖြေခဲ့တာဖြစ်ပါတယ်။အဲ့ဒါနဲ့ ပြည်သူတစ်ဦးလည်း လူငယ်လေးဆီကနေ ခေါက်ဆွဲတစ်ထုပ်အားပေးဝယ်ယူခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီလူငယ်လေးအတွက် တခြားစေတနာရှင်ပြည်သူတစ်ဦးက ခေါက်ဆွဲထုပ်လေးတွေရောင်းလို့ရအောင် စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။လူငယ်လေးကတော့ သူအလုပ်လုပ်နေရတဲ့အတွက် အရမ်းပျော်ရွှင်နေပြီး ကြိုးကြိုးစားစားနဲ့ဘဝကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ပြည်သူတွေလည်း စမ်းချောင်းဘက်ကိုရောက်ဖြစ်ရင် အလုပ်လုပ်ချင်စိတ်အပြည့်အဝရှိတဲ့ လူငယ်လေးကို တတ်နိုင်သလောက်ဝယ်ယူအားပေးကြပါဦးလို့ တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T