ကလေး၆ယောက်အမေ ကိုယ်ဝန်သည်မုဆိုးမကို စားသောက်ကုန်တွေနဲ့ အလှူငွေတွေလှူဒါန်းတဲ့အပြင် အိမ်ပြင်ဆောက်ပေးနေတဲ့ ဝေဠုကျော်

//s9.kh1.co/38/3876dbc90eecaea743e7caaba757c32a22b531e6.jpg
အနုပညာရှင်များ

 ၂၁-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုအခိုင်အမာရရှိထားတဲ့ ဝါရင့်အနုပညာရှင်သရုပ်ဆောင် အကယ်ဒမီမင်းသားကြီး ဝေဠုကျော်ကတော့ ပရဟိတအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ပရိသတ်တွေလေးစားချစ်ခင်နေကြတာပါ..။

ဝေဠုကျော်ကတော့ လက်ရှိအခြေအနေတွေမှာလည်း လိုအပ်ပြီးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက်လှူဒါန်းမှုတွေပြုလုပ်ပြီး ဖေးမကူညီနေတာကိုလည်း မကြာခဏဆိုသလို တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

ဝေဠုကျော်ကတော့ ဒီကနေ့မှာလည်း ကလေး၆ယောက်နဲ့ ကိုယ်ဝန်သည်မုဆိုးမကို စားသောက်ကုန်တွေနဲ့ အလှူငွေတွေလှူဒါန်းလိုက်တဲ့အပြင် အိမ်ပြန်ပြင်ဆောက်ပေးဖို့အတွက်ကိုလည်း လုပ်ဆောင်ပေးနေပြန်ပါတယ်..။

ကလေးမွေးဖွားဖို့အတွက် ကူညီပေးခဲ့တဲ့သလို ဆန်၊ ဆီ၊ ကြက်ဥနဲ့ အခြားစားသောက်ကုန်တွေအပြင် ကလေးအတွက်နို့မှုန့်နဲ့ လိုအပ်တာသုံးနိုင်ဖို့အတွက် အလှူငွေကို လှူဒါန်းပြီး အိမ်ကိုလည်း ပြန်ပြင်ဆောက်ပေးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

"20-4-2021

ကလေးတစ်ယောက်တော့မွေးပြီဗျာ

အိမ်ပြင်ဆောက်ပေးဖို အလှူခံတင်ထားတဲ့

တောင်ဒဂုံက မုဆိုးမ ကလေး၆ယောက်အမေ ကိုယ်ဝန်ဆောင်သည် မဝါဝါလေး မနေ့ညက သမီးလေး

မွေးပါတယ်။

မနေ့က မနက်က

မူဆလင်ဆေးရုံမှာ ဗိုက်အပ်ပေးခဲ့ပါတယ်။

ဆေးရုံက မွေးဖို့ ရက်လိုသေးတယ် ပြောပေမယ့်

ညဖက် အိမ်မှာပဲ မွေးခဲ့ပါတယ်။

ဒီနေ့တော့ မဝါဝါလေးရှိနေတဲ့

အိမ်နီးချင်း ဆွေမျိုးအိမ်မှာ

သွားတွေ့ပြီး ဆန်၊ ဆီ၊ ကြက်ဥ၊ ကုလားပဲ၊ အာလူး၊ အသားတု၊ အချိုမှုန့် ၊ နို့မှုန့် စားသောက်ကုန် များ နှင့် လိုအပ်တာ ကလေးအတွက် အသုံးပြုနိုင်ရန် အလှူငွေ ၅သောင်း ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

အိမ်လေး နေထိုင်လို့ရအောင် ပြန်ပြင်ဆောက် ပေးဖို့ကိုလည်း လက်သမားနဲ့တိုင်ပင်ပြီး စတင်ဆောက်လုပ်ပေးရန် နေရာ ရှင်းလင်း နေပြီဖြစ်ပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484.." ဆိုပြီး အလှူနဲ့ပတ်သက်ပြီး ပြောပြထားတာဖြစ်ပြီး ပရိသတ်တွေကလည်း စာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T