လူငယ်တွေကတော့ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုပွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေသလို ရှေ့ဆုံးကနေ အမြဲတမ်းဦးဆောင်နေတဲ့သူတွေလည်း ဖြစ်ကြပါတယ်။ အားလုံးရဲ့မျှော်လင့်ချက် အနာဂတ်တွေအတွက် ရဲရဲဝင့်ဝင့် ပါဝင်လှုပ်ရှားနေတဲ့ လူငယ်တွေက ပြည်သူတွေကို ကာကွယ်ပေးဖို့ အသင့်ရှိနေကြတာလည်း ဖြစ်ပါတယ် ။ ဒါကြောင့်လည်း လူငယ်တွေက သူတို့ရဲ့အသက်ကိုတောင်စွန့်ပြီး ပြည်သူလူထုရဲ့အရှေ့ကနေ မားမားမတ်မတ် ရပ်တည်နေတာပဲ ဖြစ်ပါတယ် ။
မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားမှာဆိုရင် မြို့နယ်အသီးသီးက လူငယ်တွေက ကိုယ်နေထိုင်ရာ မြို့ကပြည်သူတွေကို အစွမ်းကုန်ကာကွယ်ပေးနေကြတာ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ဦးက မုံရွာမြို့က လူငယ်တွေကို လေးစားချီးကျူးထားတာပဲ ဖြစ်ပါတယ် ။ သူ့ရဲ့စာထဲမှာတော့ မုံရွာမြို့မှာနေထိုင်ကြတဲ့ လူငယ်တွေက ညီအစ်ကိုတွေလို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိကြပြီး သူတို့မြို့လေးကို ကာကွယ်ပေးနေတာဖြစ်ကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ် ။
သူတို့ရဲ့အသက်အန္တရာယ်ကိုတောင် ဂရုမစိုက်ဘဲ ပြည်သူတွေရဲ့အရှေ့ကနေ ရပ်တည်ပေးနေတာဖြစ်ကြောင်းကိုလည်း ပြောပြထားပါသေးတယ်။ ဒါကြောင့် မုံရွာမြို့မှာနေထိုင်ကြတဲ့ မိဘပြည်သူတွေအနေနဲ့ လူငယ်တွေကို ကိုယ့်သားသမီးတွေလို သဘောထားပြီး အရေးကြုံလာရင် ကူညီစောင့်ရှောက်ပေးကြဖို့ကိုလည်း သူက တိုက်တွန်းထားတာ ဖြစ်ပါတယ် ။ လူငယ်တွေကတော့ လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ လမ်းပေါ်မှာပဲ အဆင်ပြေသလို စားသောက်နေကြရတာလည်း ဖြစ်ပါတယ် ။
Source & Photo Credit-Original Uploader