ကာကွယ်ဆေးမထိုးရသေးတဲ့ပြည်သူတွေကို အခက်အခဲတွေကြားက ကျန်းမာအောင်နေထိုင်ဖို့ စိတ်ပူစွာသတိပေးပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/e1/e1234579b4a533e32bd49e62884287cef80d3d78.jpg
အနုပညာရှင်များ

 ၂၁-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အောင်မြင်မှုတွေအခိုင်အမာနဲ့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းရပ်တည်နေတဲ့ ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဇာတ်ကားတွေများစွာရိုက်ကူးထားကာ ပရိသတ်အားပေးချစ်ခင်မှုတွေရရှိထားသူပဲ ဖြစ်ပါတယ်..။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ လိုအပ်နေတဲ့ပြည်သူတွေအတွက် တတ်နိုင်သလောက်လှူဒါန်းမှုတွေနဲ့ ဖေးမကူညီတတ်သလို ကာကွယ်ဆးမထိုးရသးတဲသူတွေအတွက်လည်း ကျန်းမာရေးဂရုစိုက်ကြဖို့ ပြောလာပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

လက်ရှိအခြေအနေတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ခက်ခဲပင်ပန်းနေကြပေမယ့်လည်း ကာကွယ်ဆေးမထိုးရသေးတဲ့ပြည်သူတွေကို အခက်အခဲတွေကြားက ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်စားသောက်ကြဖို့ ပြောပြလာတာ ဖြစ်ပါတယ်..။

ကျန်းမာရေးကိုဂရုစိုက်ကြဖို့နဲ့ မဖြစ်မနေအပြင်ထွက်ရတဲ့အခါတွေမှာလည်း Mask တပ်ဖို့တွေကို နှိုင်းယှဉ်မြင့်မိုရ်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

"ကာကွယ်ဆေးမထိုးဖြစ်သေးတဲ့ ကိုယ်နဲ့ထပ်တူသူငယ်ချင်းတိုင်းကိုမဖြစ်မနေသတိပေးချင်ပါတယ် ??

? နေ့တိုင်းဈေးမသွားပါနဲ့။

ရှိတာလေးနဲ့ချွေတာပြီး အာဟာရပြည့်ဝအောင်စားကြမယ်။

?ရေနွေးကြမ်းများများ သောက်ပါ။

?ရေများများသောက်ပါ၊ အချိုရည်သောက်ပါ။

အရည်ရွှမ်းတဲ့အသီးအနှံ ကိုစားပါ ၊ဟင်းသီးဟင်းရွက်ကိုအသားလေးနည်းနည်းထည့်၊ ပူပူနွေးနွေးဆီပါလေရုံနဲ့ ကြော်ချက်စားကြမယ်ဆိုရင်ကို အဟာရပြည့်လုံလောက်နေပါပြီ။

?ကြက်ဥပြုတ်စားကြမယ်။

?ငပိရည်၊ခရမ်းချဉ်သီးချက် ၊ဟင်းချိုပူပူလေးတခွက်နဲ့ ဆိုအဟာရလည်းပြည့်ထမင်းလည်းမြိန်ပါပြီ။

ရှာရခက်တဲ့ ငွေကြေးတွေနဲ့အရင်လို မရနိုင်သေး တဲ့ ကုသမှုတွေအတွက် တို့လုပ်နိုင်တာလုပ်ကြမယ်။

အပြင်ထွက်တိုင်း မဖြစ်မနေ

???Mask တတ်ကြမယ်နော်။???

အခက်အခဲကြားက ကျန်းမာအောင်နေရမယ်.." ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေအတွက် သတိပေးစကားလေးပြောထားသလို အားလုံးကလည်း သူမကို ကျန်းမာရေးနဲ့ အစစအရာဂရုစိုက်ဖို့ကိုလည်း Comment တွေမှာ ရေးသားထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

သတင်း အရင်းအမြစ်Nhying Shin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T