နှိုင်းယှဉ်မြင့်မိုရ်ကတော့ ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးသရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အားပေးမှုတွေ ရရှိထားတာ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိအချိန်မှာ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူများအတွက်သူမကိုယ်တိုင် ပင်ပင်ပန်းပန်းရှာဖွေထားတဲ့ ချွေးနည်းစာဖြင့် တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ တစ်ယောက်တည်း အားဖြင့် လှူဒါန်းနေရုံတင်မကဘဲ အခြားသော အလှူရှင်များနှင့်လည်း စုပေါင်းကာပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိအခြေအနေတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်များကိုလည်း ပရိသတ်တွေ သိရှိနိုင်စေရန် ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပြည်သူများအားလုံးက " ငါတို့ပြည်သူ ငါတို့ ပြန်ပေး " ဆိုတဲ့Campaign တစ်ခုကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး နှိုင်းယှဉ်မြင့်မိုရ်လည်း ပါဝင်ဆောင်ရွက်ခဲ့တာပါ။ ဒီ campaign ကတော့အင်္ကျီ အပြာရောင် ဝတ်ဆင်ပြီး မိမိရဲ့လက်ဖဝါးတွင် ဖမ်းဆီးခံထားရတဲ့ နာမည်ရေးသားပြီး ဓာတ်ပုံရိုက်ကာ လူမှုကွန်ယက်တွင် ပြန်လည်ဝေမျှခိုင်းတာပါ။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း နှိုင်းယှဉ်မြင့်မိုရ်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဖမ်းဆီးခံထားရသောခုနှစ်ရက်သားသမီးများအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။ သူမကလည်း " လက်ဖဝါးမှာ နာမည်တစ်ခုထဲ မရေးချင်ဘူး
တောင်းဆိုပါတယ်???
ဖမ်းဆီးခံထားရသောခုနှစ်ရက်သားသမီးရှစ်ရက်သားသမီးအကုန်လွတ်ပါစေ
ဏဘရံဘေးကင်းပါစေ??? " ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Nhying Shin’s Facebook Account